Extra-3 (Unicode)

3.2K 128 1
                                    

ကျွန်တော် သူ့ကို ပေါင်ပေါ်မှာအိပ်ခိုင်းလိုက်နေ ခဏနေတော့ သူအိပ်ပျော်သွားတာတွေ့တယ် တနေ့လုံး

ဘယ်လောက်တောင်များ ပင်ပန်းနေလို့ ခေါင်းလေးချလိုက်တာနဲ့ အိပ်ပျော်သွားရတာလဲ.

ကျွန်တော် သူ့မျက်နှာလေးကို အခုမှကြည့်မိတယ်

အလုပ်ပင်ပန်းလို့မျက်နှာလေး ချောင်ကျသွားတယ် ပြောမယ့်သာပြောတာ ကျွန်တော်အိမ်ထောင်ဖက်လေးက အတော်ကြည့်လို့ကောင်းတယ်

သူနဲ့ကျွန်တော် စတွေ့ပုံက သူများတွေထက်ဆန်းပြားခဲ့တယ် ကျွန်တော်သူ့ကို ဘယ်လိုချစ်မိသွားမှန်း မသိဘူး.

ဒါပေမဲ့ ချစ်မိသွားရင် အကြောင်းပြချက်မရှိဘူး သူဘာလုပ်လုပ်ကျွန်တော် မငြိုငြင်မိဘူး တခုဘဲ သူအခြား မိန်းကလေးတွေနဲ့ ပြောရင် မနာလိုဖြစ်မိတာ အမှန်ဘဲ အချို့မိန်းမတွေက ပိုင်ရှင်ရှိတာကို စိတ်ဝင်စားတယ်

ကျွန်တော် ဝန်ခံရရင် ဘယ်တော့မှ သူ့ကို ချစ်တယ်ဆိုတာ ခဏခဏမပြောချင်ဘူး ပေါ့တယ်လေ ကျွန်တော်က ချစ်တယ်ဆိုတာ အပြုအမူနဲ့ဘဲ သက်သေပြချင်တယ်

အခုစောစောကလေးတင် သူ့ကိုမလွမ်းပါဘူးလို့ လိမ်ပြော လိုက်တယ် အမှန်က ဘယ်လိုလို့ မလွမ်းဘဲနေမှာလဲ တနေ့တနေ့ ရစ်နေတာတွေ စနေတာတွေကိုဘဲ သတိရနေ မိမှာပါ

ကျွန်တော်လည်း သူ့မျက်နှာကိုနှစ်ပတ်လောက်မတွေ့ရမှာမို့လို့ သေချာစိုက်ကြည့်နေမိရင်း

သူ့နှုတ်ခမ်းလေးကို ကြင်နာတပ်မက်စွာ နမ်းလိုက်တယ် သူကတော့မသိဘူး အိပ်ပျော်နေလေရဲ့ အနမ်းသူခိုး လုပ်ရတာ ပျော်ဖို့ကောင်းသား

ကျွန်တော်လည်း အိပ်ချင်လာတာနဲ့ နောက်ကဆိုဖာလေးကို မှီပြီး အိပ်စက်လိုက်တယ်.

++++++++++++++++++++++++++++++++

ဝါးးးးးးးးးး ဟင် အော်ငါ့ညီနှစ်ယောက်ကတော့ ဘယ်လိုအိပ်နေကြလဲမသိပါဘူး

ကျွန်တော်ပြောနေတုန်း Yibo နိုးလာတယ်

ဟာ Bro Wang နိုးနေပြီလား ဆောရီး Bro ကျွန်တော်လည်း မနေ့ကပင်ပန်းတာနဲ့ အိပ်ပျော်သွားတယ်

Love Is Accident (Completed)Where stories live. Discover now