Part-8

6.3K 461 6
                                    

ဒီနေ့ကျွန်တော်စိတ်မလန်းဘူးဗျ ဘာဖြစ်နေမှန်းလဲ မသိဘူးအစ်ကိုမနက်ကစကားပြောတာတောင် ကျွန်တော် ဘုကန့်လန့်ပြောမိလိုက်တယ် …

တအောင့်နေရင် အစ်ကို့ကိုကျွန်တော်အိမ်ပြန်နားဖို့ ဝင်ပြောပြီး မနက်ကကိစ္စလေး တောင်းပန်ရမယ်……

ဟိုချီးထုပ်ကောင် ငါ့ကိုစိတ်အနှောက်ယှက်ဖြစ်အောင်

Message ပို့ပြီးဒီနေ့ရောက်မှ စာလည်းမပို့ဘူး ဘာဖြစ်နေလဲမသိဘူး…  ငါဘာလို့မျှော်နေမိတာလည်း နေ့တိုင်းပို့နေတာအကျင့်ပါပြီးစောင့်နေမိတာလား အားးးး

ရူးနေပြီလား Xiao Zhan …. မဖြစ်ဘူးငါ့ဦးနှောက်တွေပုံမှန်မဟုတ်တော့ဘူးဘဲ အိမ်ပြန်ပြီးနားမှဖြစ်မယ်

၃နာရီလောက်အစ်ကို့ကို ပြန်ဖို့ခွင့်တောင်းဖို့သွားမယ်လုပ်နေစဉ်
“ညီ အစ်ကိုအခုဘဲလူနာသတင်းသွားမေးမလို့ လိုက်မလား”

“ဘယ်လဲ အစ်ကို ပြီးတော့ဘယ်သူမို့လို့လဲ”

“Wang Yibo လေ ကား accident ဖြစ်လို့"

"Oh my God!"

"မနက်ဆေးရုံကတက်နေရတယ်လို့ ပြောတယ်ညီ သူ့ကိုအစ်ကိုတို့ သွားမေးသင့်တယ်လေ ကိုယ်တွေcompanyနဲ့ Partner နီးပါး ဖြစ်နေတယ်ညီ အခုသွားမေးမလို့လိုက်မလားလို့ အစ်ကိုလာမေးတာ”

“အစ်ကို အခု Product အသစ်အတွက် အလုပ်ရှုပ်နေတာမှတ်လား ကျွန်တော်ကိုယ်စား သွားလိုက်မယ်လေ”

“အေးကောင်းသားဘဲ အဲ့ဒါဆိုညီဘဲသွားလိုက်အစ်ကို ရုံးမှာအလုပ်ကလည်းရှုပ်နေတာ လူမှုရေးအရလည်း ရှိသေးတယ်လေ ကျေးဇူးညီ
အော်…. အခုသွားလိုက်နော်”

“အစ်ကို ခဏ ကျွန်တော်မနက်ကစိတ်နည်းနည်းအဆင်မပြေဖြစ်နေလို့ ပြောလိုက်မိတာလေး စိတ်ထဲမထားနဲ့ နော်….”

“အော် ရပါတယ် ညီရဲ့ အစ်ကိုနဲ့ညီကပြောစရာလူမှမဟုတ်တာ”

“အစ်ကို ညီသွားမယ်နော် တော်ကြာပြန်ရင်မိုးချုပ်နေမှာစိုးလို့”

“Ok ညီ Take Care”

ကျွန်တော်အစ်ကိုကို့ နှုတ်ဆက်ပြီးတာနဲ့ ဆေးရုံးကိုဦးတည်လိုက်တယ်….

Love Is Accident (Completed)Where stories live. Discover now