Part-12

5.5K 371 2
                                    

Xiao Zha POV:
ကျွန်တော်အိပ်ရာနိုးတော့ ချီးထုပ်ကလေး မနိုးသေးဘူး…... ကျွန်တော် မထသေးဘဲ သူ့မျက်နှာလေးကို ကြည့်နေမိတယ်လေ……

ထိုစဉ်
“ဟိတ် ဘာကြည့်နေတာလဲ သူများအိပ်နေတာကိုခိုးကြည့်နေတယ်”

“ဟင် မင်း… အိပ်ရာဘယ်တုန်းထဲကနိုးတာလဲ”

“အခုဘဲလေ နိုးနိုးခြင်း တယောက်ယောက်ကြည့်နေတယ် ခံစားရလို့မျက်လုံးဖွင့်ကြည့်လိုက်တာ မောင့်အချစ်လေးက မောင့်ကိုငေးကြည့်နေတယ်လေ……”

“ဟိတ်ကောင် ဘယ်လိုအရှက်မရှိ တမောင်မောင်နဲ့ တိတ်စမ်း”

“ဟာ… အစ်ကိုကလည်း မောင် ဆိုတဲ့စကားလုံးလေးကဘယ်လောက် လေးနက်ပြီး ချစ်ဖို့ကောင်းလဲ ဆိုတာသိလား”

“မသိချင်ဘူး မရှင်းပြနဲ့ တော်ပြီကွာ”

ကျွန်တော်လည်း ရှက်ရမ်းရမ်းပြီးထဖို့ကြံနေတဲ့ အစ်ကို့ကို…….

“မထနဲ့အုံးအစ်ကိုရာ မောင်ခဏလေးဖက်အိပ်ချင်လို့ နော် ခဏဘဲ”

“Yibo မင်းဘယ်လိုဖြစ်နေတာလဲ ဖယ်ပေးကွာ ငါရေချိုးချင်နေပြီ”

“အစ်ကို တခုလောက်မေးမယ်လို့ အဲ့ဒါဖြေပြီးရင် လွှတ်ပေးမယ်”

“မေး…မေး မြန်မြန် ဖြေမယ် ပြီးရင်ငါ့ကိုလွှတ်ပေးတော့”

"Ok ပါ အစ်ကို ကျွန်တော့်ကိုလက်ထပ်မလားဟင်”

“ဟင်…... ဘာတွေမေးနေတာလဲ တော်ပြီကွာ အကောင်းမမေးဘဲဘာတွေလဲ”

“တကယ်မေးတာပါ လုပ်ပါ ဖြေပါနော်”

“လူတိုင်းကိုချစ်တဲ့သူကို လက်ထပ်ချင်နေကြတာဘဲ”

“အဲ့ဒါဆို ကျွန်တော့်ကိုလက်ထပ်မယ်ပေါ့ ဒါဆိုရင် မောင်တို့နှစ်ယောက်ဒီနေ့ တရားရုံးသွားပြီးလက်ထပ်မယ်”

“ဟာ မင်းကလည်းချက်ချင်းကြီး ငါတောင် အစ်ကို့ကိုဘာမှမပြောရသေးဘူး”

“မရဘူးအစ်ကိုရာ မောင်ဒီနေ့အစ်ကိုကိုပိုင်ဆိုင်မှဖြစ်မယ် စိတ်မချဘူး”

“မင်းကလည်း လက်ထပ်တာကလေး ကစားစရာ မဟုတ်ဘူး”

“အစ်ကိုနော် လက်ခံမှာလား လက်မခံဘူးလားပြော”

Love Is Accident (Completed)Where stories live. Discover now