Part-6 (Unicode)

2.6K 150 0
                                    

အားးးးးးးးးးးး စိတ်ရှုပ်လိုက်တာကွာ

ဘယ်လိုရေစက်လဲမသိပါဘူး မတွေ့ချင် မဆုံချင်တဲ့ သူ့ကိုဘာလို့ထပ်တွေ့စေရတာလည်း လောကကြီးရာ ရပ်ပါတော့လို့ ကျွန်တော့်ကို သောကဖြစ်မယ့်အရာတွေကိုလေ

နောက်နေ့အစ်ကိုကို့ပြောရမယ် သူ့company နဲ့ပတ်သက်တဲ့ကိစ္စတွေကိုဘာမှ မလုပ်ဘူးလို့လေ

ပြီးတော့ ကျွန်တော်သူနဲ့ဆုံပြီး အဲ့လိုဖြစ်ခဲ့တာတွေကို အစ်ကိုကိုတခါမှမပြောဘူးဖူး တစ်ရက်ရက်တော့ အမှန်တိုင်း ဝန်ခံ ရလိမ့်မယ်

----------------------------------------------------------

ညီ အိပ်နေပြီလား

အစ်ကို မအိပ်သေးဘူး ဘာလို့လဲ

ကျွန်တော် အစ်ကိုခေါ်သံကြားလို့ အိပ်ရာထဲကထပြီး အခန်းအပြင်ကိုထွက်လာခဲ့လိုက်တယ်.

အော် မဟုတ်ပါဘူး ခေါင်းကိုက်တာသက်သာလားလို့

သက်သာပါတယ်အစ်ကို

ကျွန်တော်လည်းမုသားဆိုလိုက်မိတယ်

အစ်ကို အဆင်ပြေပြေပြီးသွားလား customer တွေဘယ်လောက် လောက်စုမိလာပြီလဲ

ညီ့ကျေးဇူးနဲ့ အများကြီးရလာပြီကွ ထားပါတော့ အခုအိပ်တော့ မနက်ကျရင်မသက်သာလို့ ရှိရင် ရုံးမတက် ရဘူးညီ

"သက်သာပါတယ် အစ်ကိုရဲ့ ဆေးလည်းသောက်ထားတယ် စိတ်မပူနဲ့တော့ အစ်ကိုလည်းရေချိုးပြီး အိပ်တော့ တနေ့လုံးပင်ပန်းလာတာမို့လို့

Yes Sir!

ကျွန်တော်အစ်ကိုကို့ ပြောပြီးတာနဲ့ အိပ်ရာထဲကိုဝင်ခဲ့တယ် တော်တော်နဲ့ အိပ်လို့မရခဲ့ဘူး မကောင်းတဲ့ အကောင်စုတ် အကြောင်းတွေးပြီး နောက်ပိုင်းဘယ်လိုလုပ်ရမလဲလို့ အတွေးနယ်ချဲ့ရင်း အိပ်စက်ခြင်းဆီကို ရောက်ရှိသွားတယ်..

Yibo POV:

ကျွန်တော်ဒီနေ့လုံးဝမထင်ထားတဲ့ အဖြစ်ပျက်တခုဖြစ်ခဲ့တယ်..

ကျွန်တော့်ရှာနေခဲ့တဲ့သူတစ်ယောက်ကို တွေ့လိုက်ရတယ် Wow! အရမ်းပျော်သွားတယ် ကျွန်တော်သူ့ကိုတွေ့တာနဲ့အစ်ကိုလားလို့ မေးမိတယ်

Love Is Accident (Completed)Where stories live. Discover now