Chapter 2

9.9K 875 58
                                    

Warning ⚠️: Mature Contents. (18+)

မျက်နှာပေါ်သို့ ကျရောက်လာသော နေရောင်ကြောင့် ယောဝေ လွန်လူးမိသည်။ သူတို့သည်ကား နေရောင်ခြည်ကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ခြင်းများ မရှိသော်လည်း အလွန်အမင်း ပြင်းထန်သော မွန်းတည့်နေကိုတော့ မနှစ်မြို့ပါချေ။

ယောဝေမှာ ထိုနေရောင်ကို ရှောင်ရှားရန်အတွက် ညာဘက်သို့ အသာရွှေ့လိုက်သည်။ ထိုအခါ သူခန္ဓာကိုယ်မှာ ပျော့ပြောင်းသော ခေါင်းအုံးအစား မာမာနွေးနွေး အရာတခုနှင့်ထိတိုက်မိတော့သည်။ သူသိလိုက်ပါသည်။ ဤသည်က သူချစ်ရပါ ခင်ပွန်း၏ ရင်ခွင်သာတည်း။ ထို့ကြောင့် မျက်လုံးမဖွင့်ပဲ ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ အတင်းတိုးကာ ပါးစပ်နှင့်မှီရာ ရင်အုပ်မှ အသားတို့ကို သွားတို့ဖြင့် မနာအောင် တတိတိကိုက်ခဲလိုက်သည်။

ရှင်းဝဏ်မှာ ယောဝေ၏ အပြုအမူကြောင့် ဟက်ခနဲရယ်မောကာ ချစ်ရသူ၏ မျက်နှာပေါ်တွင် အုပ်ဆိုင်းနေသော ပုခုံးကျော်ကျော်မျှရှိမည့် ဆံနွယ်နက်နက်လေးများကို သပ်တင်ပေးလိုက်သည်။

"ထဖို့အချိန်တန်ပြီကော ယောငယ်ရယ်"

ရှင်းဝဏ်၏ သြဇာကြီးမားသော အသံသြသြက ယောဝေ၏ နားထဲသို့ ငြိမ့်ညောင်းချိုသာစွာ စီးဆင်းလာခဲ့သည်။

"ဟင့်အင်း ပင်ပန်းတယ်ကော"

ယောဝေက တမင်ပင် အိစိစိလေသံနှင့် ခပ်ချွဲချွဲပြောကာ ခင်ပွန်းသည်၏ ရင်ခွင်ထဲသို့ တကိုယ်လုံး နှစ်မြုပ်မတတ် ပိုတိုးဝင်လိုက်သည်။ ထိုစဉ် ရှင်းဝဏ်ထံမှ ရယ်သံကျယ်ကျယ်လောင်လောင်နှင့်အတူ ကိုယ်ခန္ဓာတခုလုံး သိမ့်သိမ့်တုန်မျှ လှုပ်ရှားသွားသဖြင့် ကိုယ်ချင်းခွါကာ ကြည့်လိုက်တော့ အနှီးသတ္တဝါကြီးက ရယ်နေတာများ မြင်မကောင်း...

"အမောင် ဘာလို့ ရယ်တာတုန်း"

"အဟော်.. ဟော်... အဲ.. အဲ့ဒါကလေ..."

ရှင်းဝဏ်ခမြာ ရယ်နေပါသည်ဆိုမှ ခင်ပွန်းသည်ထံမှ ရယ်စရာကောင်းလှသည့် ဘုကြည့်တို့ကြောင့် ရယ်မောခြင်းမှ အတောမသတ်တော့။ မျက်မှောင်ကြီးတဖက်ကြုတ်နေသည်မှာ မဲ့သည်လည်းမဆိုသာ စိတ်တိုပါသည်ဟုလည်း ပြောမရ။ ဒီကြားထဲ မျက်လုံးဝိုင်းဝိုင်းလေးကို မရမက မှေးစင်းကာ ဖြစ်ညှစ်၍ ဘုကြည့်ကြည့်နေသေးသည်။ ဒီတော့ ရှင်းဝဏ်မှာ ပို၍ ရယ်ချင်သည်မှာ မဆန်း။ သို့ပါသော်လည်း ခင်ပွန်းသည် အသစ်ချပ်ချွတ်လေး၏ လက်သံကိုလည်း သိထားသည်ဖြစ်ရာ ရယ်မောခြင်းကို မရမက အတောသတ်လိုက်ရသည်။ နာကျင်မည်ကို မကြောက်သော်ငြား ထိုလက်နုနုလေးတွေ နာသွားရင် ဘယ်လိုလုပ်မလဲ။ သို့ပါသော်လည်း စချင်သည့် စိတ်က တားဆီး၍မရ။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now