Chapter 13

4.1K 642 150
                                    

တပတ်ခန့်အကြာ...,

ရှင်းဝဏ်ခမြာ စာရွက်ပုံထဲခေါင်းနစ်နေသည်။ တသက်နှင့်တစ်ကိုယ် စစ်တပ်မှအရာရှိတို့သည်ယခုကဲ့သို့ ရုံးလုပ်ငန်းဖြစ်သည့် စာရွက်စာတမ်းများ၊ တင်ပြချက်များ၊ သတင်းလွှာများနှင့် အလုပ်ရှုပ်လိမ့်မည်ဟု မထင်မိခဲ့ပါချေ။ ယခုတော့ ဖတ်လိုက်သည့် စာပေလွှာတွေ ရေးလိုက်ရသည့် စာတွေ မျက်လုံးတွေရော ခေါင်းတွေရော ကိုက်နေတာပဲ။ ဒါမှန်းသိရင် ရာထူးအတက်မခံပါဘူး။

"ဒေါက်... ဒေါက်...."

"ဝင်ခဲ့ပါ။"

ရှင်းဝဏ် ခွင့်ပြုမိန့်ဆုံးသည်နှင့် သူ့လက်ထောက်အကူတပ်သားအဖြစ် ယနေ့မှစတင်ကာ တာဝန်ထမ်းဆောင်မည့် ကျော်စွာတစ်ယောက် ရုံးခန်းထဲသို့ ဝင်လာကာ...

"ကျုပ်တို့ ဇန်နိုရာရဲ့ မဟာ့မဟာကံထူးရှင် ဗိုလ်မှုးငယ် ရှင်းဝဏ်ဟာဖြင့် သက်ရှိထင်ရှား ရှိသေးပါပကော။"

ရှင်းဝဏ်မှာ ဦးကြီးဖြစ်သူ အရှင်ယောဝေအား လူကြားထဲတွင် မူးမူးနှင့် ပရောပရီရိသဲ့သဲ့ပြုမိသည့် ကိစ္စကြောင့် မြို့တော်တွင် နာမည်ကြီးနေလေသည်။ အမှန်ဆို ဤသို့သော အပြုအမှုတို့သည် တူဝရီးများမို့ ဓလေ့ထုံးတမ်းများအရတော့ လက်ခံနိုင်စရာမရှိငြား လူအများကတော့ ရယ်စရာအဖြစ်သဘောထားကာ ပေါ့ပေါ့တန်တန်ပင်ရှိကြ၏။ တချို့ဆိုလျှင် သူ့ကို မြင်လျှင် ဂုဏ်ယူပါကြောင်းပင် အပြောင်အပျက်သဘောနှင့် ပြောသွားသေးသည်။ ဒါကလည်း သူက မူးနေသလို ဦးကြီးဖြစ်သူကိုလည်း နှစ်ခါမျှသာ မြင်ဖူးသူဖြစ်ရာ မမှတ်မိခြင်းမှာ မဆန်းပေ။

သို့သော် ဟံလွေ့ကိုတော့ ချော့ရတော့တာပေါ့။ စိတ်တော်တော်ဆိုးသွားတာကိုး။ ဒါကလည်း ဖြစ်သင့်ပါသည်လေ။ ဘယ်လောက်ပဲ မူးနေပါသည်ပြောပြော ကိုယ်နဲ့ စေ့စပ်ထားသူက တခြားတစ်ယောက်ကို လူကြားသူကြားထဲ ရိသဲ့သဲ့သွားလုပ်သည်ဆိုတာ ဘယ်သူက လက်ခံနိုင်မှာလဲ။ သူကလည်း သူကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ဟံလွေကား စိတ်နုလုံးကောင်းလှသူဖြစ်ရကား သူ သိပ်တော့ မချော့လိုက်ရပါ။ အနမ်း ငါးပွင့်နှင့်အတူ လာမည့် လပြည့်ည ချစ်သူ့ဥယျာဉ်သွားပါမည်ဟူသော ကတိတခုသာပေးလိုက်ရသည်။ ရင့်ကျက်တည်ငြိမ်ကာ နုလုံးသားလှသော ခင်ပွန်းလောင်းလေးက ချက်ချင်းပင် ခွင့်လွှတ်ရှာသည်။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now