"ယောငယ်.... ယောငယ်တဲ့...."
ထိုအမည်နာမဝိသေထူးသည် တလောက်ကလုံးတွင် ရှိရှိသမျှသက်ရှိတို့အနက်မှ သူ့နုလုံးသားတခုလုံးမြှုပ်နှံကာ ချစ်ရပါသော တဦးတည်သော ယောက်ျားက မြတ်နိုးချစ်ကြင်မှုဖြင့် ခေါ်ဆိုသော အမည်နာမဖြစ်သည်။ ဒါကို ဇန်နိုရာတခွင်မသိသူမရှိ။ မည်သူကမျှလည်း ထိုအမျိုးသားကို တုပ၍ ထိုအမည်ကို မခေါ်ဝံ့။ ထိုအမည်နာမကို သူ့နုလုံးသားသက်နှင်အရှင်သခင်မဟုတ်သောသူက ခေါ်မိပါလျှင် သူ့လက်စာ မမိခင်မှာပင် သူ့ခင်ပွန်းသည်၏ ဓါးစာမိပေလိမ့်မည်။ ယခုတော့ ထိုနာမကို သူအင်မတန်မုန်းတီးပါသော ထိုသတ္တဝါလေးက သူ့စိတ်နုလုံးဝိညာဉ်တို့တိုင် စွဲလမ်းနေပါသည့် အသံအနေအသံထားအတိုင်းပင် ခေါ်ဆိုပါလျှင် သူ၏ အတွေးတို့မှာ ယောက်ယက်ခတ်ကုန်သည်။
သူများနားကြားလွဲတာလား? ဒါမှမဟုတ်....
ဟင့်အင်း... မဖြစ်နိုင်ပါ။ ဒီသတ္တဝါလေးက ဘယ်လိုလုပ်ပြီး သူ့ခင်ပွန်းသည်ဖြစ်နိုင်မှာလဲ။ အနည်းဆုံးတော့ သူခင်ပွန်းသည်က ကိုယ့်သားကိုယ်အဖြစ်တော့ ပြန်မလာလောက်ပါဘူးလေ။ သူ ဘာတွေအတွေးလွန်နေတာလဲ။ ဒါပေမယ့်.... ဒါဆို ဘာလို့လဲ?
ယောဝေခမြာ အဖြေမရှိသော မေးခွန်းများနှင့် ချာလည်လည်နေရင်းမှ သူနှင့် စားပွဲခုံပုလေးတခုသာခြားထာသည့် ကုတင်လေးပေါ်ဝယ် ပက်လက်လှန်လှဲက သတိလစ်နေသော သတ္တဝါလေးကို လှမ်းကြည့်လိုက်သညိ။ တော်သေးသည်။ လေမာန်သွေး၏ ကျေးဇူးကြောင့်ဟု ဆိုရမည်။ ဒင်းသတိလစ်သွားသည်နှင့် စစ်ကူများရောက်လာကာ သူတို့ အားလုံးအား အရေးပေါ် ဠာနသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။
လေမာန်သွေးကတော့ ရောက်ပြီးမကြာခင် ပြန်သတိရလာသဖြင့် သာမာန်ဝေဒနာသည်တို့ကို ထားသော အဆောင်တွင်ထားကာ သူ့နှင့် ရှင်းဝဏ်ကတော့ အထက်တန်းလွှာမှ ဝေဒနာသည်တို့ကို ထားသည် အိမ်ငယ်လေးတွင် နေရာထိုင်ခင်း စီစဉ်ပေးထားသည်။
ထိုစဉ် အခန်းတံခါးဝဆီမှ....
"အရှင် ယောဝေ ဆေးရည်သောက်သုံးဖို့ အချိန်ရောက်ပါပြီကော"
သမားတော် အဝေရာက ဆေးခွက်နှစ်ခွက်တင်ထားသော ဗန်းကိုကိုင်ကာ ရောက်လာသည်။ သိမ်မွေ့သာသော ခြေလှမ်းများဖြင့် သူ့နဘေးသို့ ရောက်လာကာ လက်ထံမှ ဗန်းလေးကို စားပွဲပေါ်တင်လိုက်ပြီး ထိုထဲမှ ဆေးတစ်ခွက်ကို ယောဝေအား ကမ်းပေးရှာသည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...