"ရှင်းဝဏ်!"
ရှင်းဝဏ်မှာ အိမ်ထဲ ခြေတစ်လှမ်းလှမ်းလိုက်ရုံရှိသေးသည် ကောလွန်း၏ အသံဆိုးကြီးက နားထဲဝင်လာတော့သည်။
"မင်းဟာလေ အင်မတန်ကို မိုက်ရူးရဲဆန်ပါဘိသနဲ့။ မပြောမဆို နောင်တော် ယောဝေဆီသွားရတယ်လို့ရယ်။ ငါနဲ့ မယ်မယ်ခမြာမှာ အိမ်စေ မိထန်းစီကကြားတော့ မင်းအတွက်စိုးရိမ်ရလွန်းလို့ ခြေမကိုင်မိလက်မကိုင်မိနဲ့ကွယ်။"
ဝ
ကောလွန်းက မည်မျှပင် ဆူပူကြိမ်းမောင်းစေကာမှု ရှင်းဝဏ်ကတော့ ငူငူငိုင်ငိုင်နှင့် ဘာမှနားထဲမဝင်။ ဧည့်ခန်းမဆောင်ထဲသို့ ယောင်ချာချာခြေလှမ်းများဖြင့် လျှောက်သွားကာ သလွန်ထက်ဝယ် ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။ သူ့အာရုံအလုံးစုံက ချစ်တို့ဖြင့် နူးညံ့နေသော ထိုမျက်ဝန်းတို့၏ ဝဲဂရက်ထဲတွင်သာ ယခုတိုင် စုံးစုံးမြှုပ်လျှက်။"ရှင်းဝဏ် တစုံတခုများဖြစ်လာတာလား။"
ကောလွန်းမှာတော့ စိတ်နှင့် ခန္ဓာ တလွှာချင်းစီဖြစ်နေဟန်ရှိသော တူတော်မောင်ကို ကြည့်ကာ ရတက်မအေးစွာ မေးမိပါတော့သည်။
"မဖြစ်ပါကော ဦးရီးငယ်"
ရှင်းဝဏ်က ငြင်းဆိုလိုက်သော်လျှင် သူ့ပါးပြင်ထက်ရှိ ညိုမည်းဒဏ်ရာကို ကောလွန်း မြင်လျှင်...
"အဲ့ဒီ့ ဒဏ်ရာနဲ့ မုသားပြောနိုင်သေးပုံထောက်ရင် တကယ်ဘာမှမဖြစ်ဘူးနဲ့ တူရဲ့။"
ရှင်းဝဏ်မှာ သူ့အား စိုးရိမ်စိတ်နှင့် အငေါ်တူးလာသော ကောလွန်ကို နှစ်သိမ့်သည့်အနေဖြင့်....
"တကယ်မနာပါဘူးဝ ဦးရီးငယ်ရယ်။ ဒီဒဏ်ရာလောက်တော့ စိတ်မပူပါနဲ့။"
'တကယ်ပူရမှာ ကျုပ်ရဲ့ နှဈလုံးထဲက ဘာမှန်းမသိ ဝေဒနာကိုပါ။' ဟုသော စကားများကိုတော့ လည်ချောင်းထဲသို့ ပြန်လည်မျိုချကာ သိမ်းဆည်းလိုက်ပါသည်။
"ရှင်းဝဏ်... သားငယ်? အလို... မျက်နှာက ဒဏ်ရာကြီးနဲ့ပါလားကွယ်။"
ထိုစဉ် အခန်းထဲသို့ ခရမ်းရောင် အမင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးပြေးဝင်လာသည်။ ပြီးလျှင် သလွန်ဘေးတွင် ရှင်းဝဏ်၏ မျက်နှာကို ယုယစွာ ကိုင်တွယ်ကြည့်ရန် အားထုတ်လာလျှင် ရှင်းဝဏ်မှာ အလိုက်သတိပင် မျက်နှာကို ငုံကိုင်းပေးလိုက်ပါသည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...