Chapter 2

38.1K 3.9K 441
                                    

သမိုင်းကြောင်းအစ

"မင်ခေတ်ပြီးတဲ့နောက် လန်ခေတ်မာ လန် အင်ပါယာရဲ့ တန်ခိုး အာဏာ ဟာ ထိပ်တန်း ကိုရောက်ရှိခဲ့တယ်! "

"လန်ခေတ်ရဲ့ အကျော်ကြားဆုံး မင်းကို သိလား?"

"ဝှား..း...း! "

ဝမ်ရိပေါ် ထံ က အော်ပြီး သန်းလိုက်တဲ့ အသံကြီး က ဟိန်း ခနဲ ထွက်လာတော့ သမိုင်း စာပေ ကိုရှင်းနေတဲ့ ဆရာ ချီရမ် က မျက်ခုံးပင့်ပြီး လှမ်းကြည့်တယ်!

'မင်းဘာကောင်လဲ ငါ့ ကို စိန်ခေါ် တာ လား'ဆိုတဲ့ သဘော!

"အဟဲ..  အားပါသွားလို့ပါ ဆရာ!  အရမ်းစိတ်ပါသွားရင် ကျွန်တော် က အဲ့လိုဘဲ သန်း တက်တယ် ဆရာ အဟဲ..!"

ဝမ်ရိပေါ် လေး အရူးကွက် စနင်းပြီ
မဟုတ်ရင် သူ အခန်းရှေ့ထွက် ဒူးထောက်ရတော့မယ်လေ!

ရှောင်ကျန် ကတော့ စိတ်ဝင်စားဟန် ဆောင်ပြီး
စာအုပ်ကြီး ကို ပြောင်းပြန်ကိုင်ပြီး ငိုက်နေတယ်!

ငိုက်မာပေါ့ ညက သူတို့ နှစ်ယောက် ချိန်းပြီး ဂိမ်းဆော့ ကြတာလေ..!
နောက်ဆုံးတော့ ထုံးစံ အတိုငိး အနိုင်အရှုံး မကွဲ ဘဲ
Desktop ကြီး ကို ဖက်ပြီး အိပ်ပျော်သွားကြတာဘဲ! 

"ကဲ လန် ခေတ်ရဲ့ အထင်ရှားဆုံးမင်းကြီးကိုပြော!"

အတန်းထဲ စာ ကြမ်းပိုး တစ်ယောက် ဖြစ်တဲ့ ရှန့် ချင်း ချိုး က လက်လေး ထောင်ပြီး ထဖြေ တယ်

"လန်ဝမ်ကျီး ပါဆရာ!"

"နန်းတက်တဲ့ ဘွဲ့ အမည် ကကော?"

"ဟန်ကောကျွင်း ပါ ဆရာ!"

"တော်လိုက်တဲ့ ချိုးချိုး လေး စာတွေ အရမ်းဖတ်ထားထာဘဲ!"

ရှန့်ချင်းချိုး ပီတိတွေ ဖြာဝေ လျှံကျလာတယ်!
ဖတ်လိုက် ရတဲ့ BL ဝတ္ထု လေးတွေ ဒီတစ်ခါတော့ အထောက်အကူ ပြုပြီဟ!

ဆရာရယ် အထင်မကြီးပါနဲ့ ဒီက ကောင် က ဒီ သမိုင်းကြောင်း ကို BL ဝတ္ထု တွေ ထဲ က နေ တစ်ဆင့် ဖတ်ခဲ့ရတာ ဗျ!

ဘာလို့ ဆို ဒီလန်ဝမ်ကျီး နဲ့ သူ့ ကြင်ယာတော် ဝေ့ဝူရှင်း တို့ ရဲ့ ချစ်ခြင်း က လန်ထွက်ပြီး Ro ဆန်နေတာ လေ! ဆရာရဲ့!! ရိုမီယိုနဲ့ ဂျူးလိယက်တောင် ထိုင်ငိုသွားမယ်!
ဒီက သားလေး အားကျချက်ဘဲ !! 
ဒါကြောင့်ပါ အထင်မကြီးပါလေ နဲ့ ဆရာ!

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now