Chapter 20

27.6K 3K 141
                                    

မင်းကို အကုန်လုံး ချစ်ကြပါတယ် ခလေးရေ

သည်လိုနဲ့ ဗိုက်ကြီးသူ က ရှောင်ကျန့် ဖြစ်ပေမယ့် အလူးအလဲ ကိုယ်ဝန်ဆောင် လက္ခဏာ ကို ခံ စားနေရသူ က ဝမ်ရိပေါ်..!

သူတို့ကြား ပဲကြီးလှော်ကြား ဆားညပ်ကာ ဒုက္ခ များ နေသူ က ဇယ်ဝူကျွင်း..!

အခုလည်း မနက်စာ အတူတူစားဖို့ ဇယ်ဝူကျွင်း ကို ညီ တော် က အခေါ် တော်ပါးသောကြောင့် ဇယ်ဝူကျွင်းတစ်ယောက် လေးဖင့်သော ခြေလှမ်းများဖြင့် မင်းကြီး အဆောင် သို့ လာနေရသည်။

စိတ်ထဲ မာ လည်း ပွင့်ပြီး သမျှ ဘုရားတွေ အကုန် အား ဆုတောင်းရှိခိုး ကန်တော့ပြီးရုံသာမက
သွားလေသူ ဘိုးဘွားများအားလည်း စော်ကားမိခဲ့ခြင်းရှိပါက ခွင့်လွတ်ပေးပါရန် တောင်းခံပြီးပြီ..!

အာ့အစား ကျွန်တော့ ကို ဒီ မဟုတ်ကဟုတ်က ဟင်းများ အတူတူ လိုက်စားရခြင်း အဖြစ်မှ ကယ်တင်ပေးကြပါ!

တကယ်ပြောတာ ရှောင်ကျန့် ခလေး လည်းမွေးပြီးရော သူလည်း အရသာခံ အာရုံ တွေ အကုန်ပျောက်လောက်တယ်!

ဒါပေမယ့်လည်း သူ မမြင်ရသေးသော တူလေး မျက်နှာ ကိုထောက်ကာ သည်းခံပေးထားပါသည်။
Love is blind ဆိုတာ ဒါမျိုးထင်ပါရဲ့..!

အခုတစ်လော ဇယ်ဝူကျွင်းပါ မဟုတ်က ဟုတ်က များ စား ကာ အစားအသောက်ပျက်လာသောကြောင့်
လူ က ပိန်ပါကျလာသည်။

ဒီကြားထဲ ဝမ်ရိပေါ် က မနက်ပိုင်း ဗိုက်ကြီးသည် လက္ခဏာ ဆွဲ ကပ်နေသောကြောင့် မနက်ပိုင်းညီလာခံ မတက်နိုင်သည့် ရက် က ခပ်များများရယ်!

ဒါကြောင့် တိုင်းရေးပြည်ရာတွေ အကုန် ကိုယ့်အပေါ်
ဝုန်းခနဲ ရောက်လာလေသည်။

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now