Chapter 24 Final

44.9K 3.4K 256
                                    

Ending??

"ကျွန်မ အရာအားလုံး ကို ပွင့်ပွင့်လင်းလင်းပြောပါ့မယ်!
ရှောင် သခင်လေးနဲ့ ဝမ်သခင်လေး ရှင့်!
ဒီ ကိစ္စတွေ ကို အစပျိုးခဲ့တာ ကျွန်မပါဘဲ "

တွေ့ပြီ နောက်ဆုံးတော့တွေ့ပြီ!

ကောင်းကင်ဒါရိုက်တာ မကြီး!
ငါ့ကို ဇာတ်လိုက်မယားလုပ်ခိုင်းတဲ့ လူကိုတွေ့ပြီ!
တွေ့ကြသေးတာပေါ့ကွာ..!

"ဘာလို့လဲ?
ဘာလို့ ငါတို့ကို ဒီလို လုပ်ရတာလဲ? "

အေး ဟုတ်တယ်..!
ပြောစမ်း ငါတို့ ကို အချိန် လူကုန်ကူးရခြင်း အကြောင်းအရင်း..!
ဖြေစမ်း!

"ကောင်းကင်ဘုံ က အပြစ်ပေးလည်း ကျွန်မ က ခံ ရမာပါဘဲ!"

အေး နင် က ကောင်းကင်ဘုံ က အပြစ်ပေးတာ ကိုဘဲ ခံရတာဟဲ့..!
ငါ က လင်ပေးစားခြင်းခံလိုက်ရတာ!
2019 ပြန်ရင်တောင် ခလေးနှစ်ယောက်အဖေ ဖြစ်နေပြီ ဒါရိုက်တာ မကြီးရဲ့..!!

ရှောငိကျန့် စိတ်ထဲ မာ ဗလောင်ဆူနေပေမယ့် အပြင် ကိုတော့ စကားတစ်ခွန်းမှ ထွက်မလာပါလေ!

" ကျွန်မ က ကောင်းကင်ဘုံ က အပ်နှင်းခြင်းခံရတဲ့ နတ်ဆရာမ ပါ ဒါ့ကြောင့်မှန်သော စကား ကိုသာ ဆိုပါ့မယ် !"

ဘာလဲ?
ယောက်ကျားတွေ ကို လင်ပေးစားဖို့ အပ်နှင်းထားတာလား?
ရူးကြောင်ကြောင်တွေ သိပ်သိပ်ပြော!
လန်မျိုးနွယ် နတ်ဆရာမ ရုပ်လေးနဲ့မှ မလိုက် စိတ်ဖောက်နေ!!!

ရှောင်ကျန့်အတွေးနဲ့ အတူ နှုတ်ခမ်းတွေ မဲ့ပြလိုက်ပေမယ့်!

ထို နတ်ဆရာမ က ဆက်ပြောလေသည်။

"တစ်နေ့ကျွန်မ နတ်နန်းမာ ရှိနေတုန်း ကြင်ယာတော်ဝေ့ဝူရှင်း က ကျွန်မစီရောက်လာပြီး အကူအညီ တစ်ခုတောင်းပါတယ်!

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now