Chapter 9

27.5K 3.3K 217
                                    

မင်းသာ ငါ့ဘေး ရှိနေရင်
ကြယ်မစုံတဲ့ ညတောင် သိပ်လှသွားတယ်!
First Kiss

ဝမ်ရိပေါ် ဟာ သူကြည့်ဘူးတဲ့ ဇာတ်ကားတွေ ထဲ ကလို မင်းကြီးပုံ အပြည့်ဖမ်းပြီး
အရှေ့ က ညနေစာ စားပွဲ ကို မမှိတ်မသုန် ကြည့်နေပေမယ့် စိတ်ထဲ မှာတော့ ဗြောင်းဆန်နေပြီ!

ဟင်း တွေ အများကြီးဘဲ!
တိုင်းပြည်သာ ဆင်းရဲ တာ ဘုရင် ကတော့ ချမ်းသာချက်ဘဲ!
ကြည့်ပါဦး အရင် ဝမ်အိမ်တော် က ထမင်းဝိုင်း နဲ့ ကတော့ ဆီနဲ့ ရေ လို ကို ကွာတယ်!

ရီပေါ် အဖေ ဝမ်ပါးပါး က ဆီးချို သွေးချို သမား မို့ ဟင်းတွေ က ခပ်ပေါ့ပေါ့ တွေ များတယ်!
ဝမ်မားမား က တော့ ငယ်ငယ်လေး ကတည်း က အသီးအရွက်သမား မို့ အသားဟင်း တွေ က သိပ်ပါလေ့မရှိဘူး!

ဒီဖက်ခေတ်ရဲ့ ထမင်းဝိုင်းကြီး ကို ရိပေါ် တစ်မှတ် တိုးပေးလိုက်ပြီ!
ထမင်းဝိုင်း က တစ်မှတ်ရသွားပြီ!
ဒီမာနေရတာလည်း ဒီလောက်ကြီး မဆိုး လှ ပါဘူးလေ!
ကြင်ယာတော် တစ်ယောက် လည်း ကောက်ရလိုက်တဲ့ အပြင် အမယ်စုံ ထမင်းဝိုင်းကြီး က လည်း ဆီးလို့ ကြိုလို့!

အဲ့... ကောက်ရလိုက်တဲ့ ကြင်ယာတော် က ရှောင်ကျန့် ဖြစ်နေတာ က လွဲ ရင်..!
ထမင်းဝိုင်းကြီး က ကြီးလွန်းလို့ တစ်ချို့ ဟင်းခွက်တွေ ကို စားချင်ပါလျက် လက်မှန်းမမှီလို့ ကြည့်ရင်း သရေ ကျနေရတာ က လွဲ ရင်!
အားလုံး အားလုံး က သူ့အရာနဲ့သူ အဆင်ပြေနေပါတယ်လေ!

အဲ့လေ ကြင်ယာတော် ဆိုမှ
အရှေ့ က ရှောင်ကျန့် ကို ကြည့်လိုက်တော့ ထမင်းကို ဟို ထိုး သည်ထိုးနဲ့ စိတ်မပါတစ်ပါ ဖြစ် စားနေလေရဲ့

ဒီကောင်တစ်ကယ်ကြီး များ ဗိုက်ကြီးနေတာလား?
ငါနဲ့ တစ်ည ဘဲ ဖက်အိပ်လိုက်တာပါ!
ဖြစ်နိုင်လို့လား!

"ဝေ့ရင်း!"

"ရိ! အဲ့ မင်းကြီး"

ကောင်းပါ့ ! အခုထိ ဒိုင်ယာလောခ့် မှားရွတ်တုန်း!

နှစ်ယောက်သား တစ်ပြိုင်တည်း ခေါ် လိုက်မိတာမို့
ကြောင်အမ်းအမ်း ခဏတော့ ဖြစ်သွားပေမယ့်!

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now