Chapter 12

27.4K 3.2K 172
                                    

I promise, I will protect you!

သည် လို ဖြင့် ရှောင်ကျန့် ရဲ့ လန်ခေတ် ဟောပွတ် နေ့လည်စာ စားပွဲထဲ ဇယ်ဝူကျွင်းပါ ဝဋ်ကြွေးဆပ် ရန် ပါလာတော့သည်ပေါ့..!

"လာလေ လာ ထိုင်ကြလေ လန်အာ့ကောကောနဲ့ ဇယ်ဝူကျွင်းကော..!
မြန်မြန်လာ ပူတုန်း စားမှကောင်းတာ!"

ဟင့် အင်း ..! မင်း မညာနဲ့ !
မင်းဟင်းရုပ် က တစ်ရေးနိုးထစားတောင် ကောင်းမယ့် ရုပ်မဟုတ်ဘူး!

ထမင်းစားပွဲ ဝိုင်းသို့ လျှောက်လာနေသော ဝမ်ရိပေါ် နှင့် ဇယ်ဝူကျွင်း ခင်ဗျာ
သားသတ်ရုံ သို့ သွားရမယ့် ဝက်ကြီးနှစ်ကောင် ပမာ
တွန့်ဆုတ်တွန့်ဆုတ်နဲ့...

ဂလု... ~~~

ဇယ်ဝူကျွင်း စိတ်ထဲ မှ မဆီမဆိုင်တွေးမိသေးသည်။

အစားစားရင်း သေသွားတဲ့ မသာအဖြစ် ငါလေး
ရာဇဝင် မှာ တင်ကျန်နေရတော့မာ လား..!
ပြီးတော့ စားလိုက်တဲ့ ဟင်းကလည်း ကိုယ့် ခယ်မလေး ကိုယ်တိုင် ချက်ထားတဲ့ ဟင်း ကြီးလေ

ကြားမကောင်း ကျော်မကောင်း
ဇယ်ဝူကျွင်း အား သူ့ ခယ်မလေး မှ စပါးလင် ဟင်း ဖြင့် ဖို့သတ်ခြင်းဆိုတာကြီးတော့ သမိုင်းစာအုပ်မှာ ထင်မကျန်ခဲ့လောက်ဘူးမလား?
မဖြစ်လောက်ဘူးမလား?

ဘာဘဲ ဖြစ်ဖြစ် သူ သေချာအောင်တော့ အတည်ပြုရ ဦးမည်။

သူ ဝမ်ကျီး နားနား ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ ဘေးက သူ့ခယ်မ မွှေစိန် မကြားရအောင်လည်း သတိထားရသေးသည်။

"ဝမ့်ကျီး မင်း လာခဲ့တဲ့ အနာဂတ်ရဲ့ သမိုင်းစာအုပ်ထဲမာ ဒီကောကော အစာအဆိပ်သင့်ပြီးသေတာတော့ မဟုတ်ဘူးမလား?"

မျက်နှာငယ်လေး ဖြင့် သူ့ကို ကြည့်ကာ မေးနေသော ဇယ်ဝူကျွင်း ကို ကြည့် ကာ ရိပေါ် ရယ်ချင်လာသလို
သနားလည်း သနားမိသွားသည်။

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now