Chapter 19

27.4K 3K 267
                                    

ကောင်းကင်ဘုံ ချီးမြှောက်ခြင်း ကို ပထမအကြိမ် ကွက်ကွက် ကွင်းကွင်း ခံစား လိုက်ရခြင်း! !

ဘာလိုလိုနဲ့ time travel လိုလို ဘာလို လို ဖြင့်
အူကြောင်ကြောင် ဖြင့် လန်ခေတ်ရောက် ပြီး ကြင်ယာတော် ဖြစ်ကာ လင်တစ်ယောက် ကောက်ရခဲ့သည်မာ 2 လ ကျော်ကျော် ပင် ရှိတော့မည်။

ဒီကြားထဲ ထီပေါက်ကာ ကာမ အဆိပ်မိနေသူ လင်ယောက်ကျားအားလည်း တစ်ရက် မပြတ် ပြုစုပေးနေရသေးသည် မို့
ရှောင်ကျန့်ဘဝ က အချိန်ပိုင်း ငါနာပြု အဲ့လေ သူနာပြုလည်း ဖြစ်လို့နေသည်။

အဆိပ်မိထားသူ ဝမ်ရိပေါ် တစ်ယောက် က တော့ နေ့ပိုင်း တွင် မင်းကြီး တာဝန်များ ကို ကျေကျေပွန်ပွန် ထမ်းဆောင်သလို
ည ပိုင်းတွင် လည်း အိမ်ထောင်ဦးစီး တာ ဝန်ကို မပြတ်စေရ။

ရှောင်ကျန့် မာတော့ အမြဲ နေ့နှင့် ည မှားနေရှာရလေသည်။

သေချာတယ် 2019 ပြန်ရောက်ရင် ငါလေး စကောထဲ ထည့်ပြီး အိပ်မှရတော့မယ်!

လောလောဆယ်တော့ ရှောင်ကျန့်တစ်ယောက် တော်ဝင်ကြာကန်ဘေးနားမာ ထိုင်ကာ
စာအံနေရလေသည်။

စာတွေ က သူ့ခေါင်းထဲ ဖြောင့်ဖြောင့်တန်းတန်း ဝင်လာချင်ပုံမရဘူး ဟိုချော်ထွက် ဒီ ချော်ထွက်နဲ့ မို့ မနည်း ခေါင်းလေး ဘယ်စောင်းညာစောင်း လုပ် ကာ မျက်စိမှိတ်ပြီး လိုက်ဖမ်းနေရသည်လေ။

ဒါကို ပင် ဆရာက ငိုက်နေသည် ဟု ဆိုကာ အော်နေသေးသည်။

တကယ်က ကိုယ် က။ ကိုယ့် မုခ်နဲ့ ကိုယ် စာလုပ်နေတာ ကို ဂယ်ဘဲ ဂယ်ဘဲ...!

ရှောငိကျန့် စာလိုက်ဖမ်းနေတာ ဘယ်လောက်တောင် ကြာသွားလဲ မသိ.!

အစေခံ တစ်ယောက် ဆီ မှ 'မင်းကြီး ကြွချီလာပါပြီ' ဟု အသံ ကြားမှ သာလျှင် အသိပြန်ဝင်လာလို့ကြည့်လိုက်တော့
စာသင်နေသူ ဆရာ လန်ချီရမ်တောင် မရှိတော့..!

ဆရာ ကလည်း ပြန်သွားတာတောင် နှိုး မသွားဘူး တကယ်ဘဲ..!
ဒီမာ တပည့် လေး က အိမ်မငက ကမ္ဘာ ထိ ကြိုးစား ပမ်းစား စာလိုက်ဖမ်းနေတာကို!

Arrangement Marriage From Heaven(Completed 😘)Место, где живут истории. Откройте их для себя