Chapter 7

29.1K 3.2K 106
                                    

အဟောင်ဆောင် ဘဝ စတင်ခဲ့ပြီ ...

ဘဝ မာ  အရမ်းလှတဲ့ မြင်းလှည်းကြီး ကို
ဝမ်ရိပေါ် ကြီး နဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ အတူတူရွှေလက်တွဲ ပြီး စီးရမယ်လို့ ယောင်လို့တောင် မစဉ်းစားခဲ့ ဖူးသော်လည်း..!

ဒီမဟုတ်တဲ့ အယုတ်တမာ အိမ်မက်တွေ က အမှန်တကယ် ဖြစ်လာစရာ လိုလို့လား?

'ဟင် နေပါဦး?
ဒီဖက် ခေတ် ကို ရောက်လာပြီ ဆိုတော့ ပညာရေး စနစ် က ကော ဘယ်လိုလဲ..!'

အရင် ဖတ်ခဲ့ဖူးတဲ့ ဝတ္ထု အရ ဆိုလျှင်
ကြင်ယာတော် ဖြစ် သူ ဝေ့ဝူရှင်းမာ

ချင် ချီ ရှူး ဟွား
ပညာရပ် လေးမျိုး လုံး ကို တက်မြောက်သူဖြစ်သည်
( ချင် = ဗျက်စောင်းတီးခတ်မှု ပညာ
   ချီ  = စစ်တုရင်ပညာ
   ရှူး = စာပေ၊  ကဗျာ ရေးဖွဲ့မှု ပညာ
   ဟွား = ပန်းချီပညာ)
(ဒါတွေ က တရုတ်ပြည်မာ ဆို တက်သင့်တဲ့ ပညာတွေပေါ့နော် အထူးသဖြင့် မင်းမျိုးမင်းနွယ် အကုန်လုံး တက်သင့်တဲ့ အခြေခံပညာတွေပေါ့
နန်းတွင်း ဝတ္ထု အများစုနဲ့ ဇာတ်ကား များ မှာ တွေ့နိုင်ပါတယ်!
SVSS ဝတ္ထု ထဲ မာ လည်း ပါပါတယ်နော်
အာ့ကျဲကျဲ လည်း ရှင်းပြထားပါတယ်)

အထူးသဖြင့် ပန်းချီပညာ တွင် တစ်ဖက်ကမ်းခတ် တက်မြောက်သည်။
သူ့ချစ်ခင်ပွန်း ၏ ပုံစံ တူ ပန်းချီများ သူတို့ နှစ်ယောက် အမှတ်တရများ စသည်တို့ကို မကြာခဏ ရေးဆွဲ ကာ မင်းကြီး အား ဆက်သလေ့ရှိသည်။

နန်းတွင်း အကျော်အမော် ပန်းချီ ဆရာ များ ကပင် ကြင်ယာတော် ၏ ပန်းချီကား ကို အတုယူစံပြဖွယ် အဖြစ် မှတ်သားထားလေ့ရှိသည်။

ပြသနာ က ယခု ဝေ့ဝူရှင်း အစားထိုး ရှောင်ကျန့် သည် မျဉ်းဖြောင့်လေး တစ်ကြောင်း ဖြောင့်အောင် ဆွဲဖို့ကို ပင် ပေတံကူရသူ ဖြစ်သည်။

ဘာမှ လာပြောမနေနဲ့ ဝမ်ရိပေါ် ပုံတူ ဆွဲ ပေးရမယ် ဆိုရင် ခရမ်းသီး ပုံကြီးဘဲ ဆွဲ ပေးလိုက်မာ!
ဝမ်ရိပေါ် က ခရမ်းသီး
ခရမ်းသီး က ဝမ်ရိပေါ်ဘဲ !

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now