Chapter 15

29.6K 3.1K 326
                                    

I Love you

ရိပေါ် သူ့ကို လိုက်ထု နေတဲ့ ကျန့်ကော ရဲ့ လက်နှစ်ဖက် ကို သူ့လက်တစ်ဖက်တည်းနဲ့ ဖမ်းချုပ်လိုက်တယ်!

ဟက်... ပျော့လိုက်တာ ယောက်ကျားလေး ဖြစ်ပြီး သူ့ လက်တစ်ဖက် တည်း အား ကို တောင် ရအောင် မရုန်းနိုင်ဘူး!
ဒါ့ကြောင့် ဒင်း Uke ဖြစ်တာ!

ရိပေါ် စိတ်ထဲ က တွေးရင်း ဟန်မဆောင်နိုင်သော မျက်နှာ လေး က ပြုံးပြုံး ဖြင့်.!

"နှာဘူးကောင်
မီးတောက်နေတဲ့ အကြည့်နဲ့ ဘာတွေ တွေး ပြီး ပြုံးနေတာလဲပြော!!"

ကျန့်ကော ရဲ့ ရန်တွေ့သံ စူးစူး လေး ထွက်လာတော့မှ ရိပေါ် အသိဝင်သွားတော့တယ်..!

"အော် ဘာမှ မတွေးပါဘူးဗျာ!
စိတ်ဆိုးပြေပြီလား? "

"မင်း အခု ငါ့ ကို ခွေးသေးပန်းတွေ လာပေးပြီး စိတ်ဆိုးပြေခိုင်းနေတာလား?"

သမိုင်းကြောင်းမာ အချစ်တက်ဆုံး လန်ဝမ်ကျီး က သူ့ကြင်ယာတော် ဝေ့ဝူရှင်း ကို ခွေးသေးပန်းနဲ့ နှိုင်းမယ်ထင်သလား?
မင်းတို့ပြောကြည့်စမ်း..!

"အဟား အာ့တာ က နည်းနည်းလေး လွဲသွားတာ ပါ ကွာ အချစ်က ကိုယ့်ကို ခွင့်လွှတ်ပေးပေါ့ နော် darling!"

ဘုရားစူး ဒီလို ချိုချိုသာသာ စကားတွေ ဝမ်ရိပေါ် ပါးစပ်က ပြောတက်တယ်တဲ့လား!???
ခရမ်းသီး က လူစကားပြောတက်တယ်တဲ့လား?
မဖြစ်နိုင်ဘူးနော့်!

အီး ... ဝမ်ရိပေါ် ကြီး မတွေ့ ရတဲ့ 5 ရက် အတွင်း ရူးသွားပြီ!

စိတ်ကတွေး သည်နှင့်ပါးစပ်က အလျင်အမြန် လိုက်ပြောတတ်သော အကျင့်လေးကြောင့်

"ရူးသွားတာလား?
ဂေါက်သွားတာလား?"

"မရူးပါဘူးဗျာ..! ကော က လည်း ကျွန်တော် တောင်းပန်တယ် ဟုတ်ပြီလား?"

"ဘာကို တောင်းပန်တာလဲ!"

"မရစ်နဲ့ကွာ ကျေနပ်တော့ ဒူးထောက် ရမလားပြော?"

"ဟင့်အင်း မင်းကို သေးနဲ့ နှစ်ခါတိတိ ပြန်ပန်း ရမှ ကျေနပ်မယ်! "

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now