Chapter 6

30.8K 3.5K 156
                                    

ဝမ်ရိဘို နှင့်ရှောင်ကျန့် ကို ဇယ်ဝူကျွင်း
2 နာရီ လောက်ခေါင်းကိုက်ခံ ပြင်ဆင်ပြီး သည့် နောက်တွင်
အရာအားလုံး အဆင်ပြေသွားလောက်ပြီ ဟု ထင်ရလောက်အောင်ကို ချောချောမွေ့မွေ့ ပြီးသွားသည်ပေါ့လေ..

ဝမ်ရိပေါ် ခေါင်း ကို အနက်ဖြစ်အောင်မနည်း ပြန်လုပ်ရတာကလွဲရင်ပေါ့..!

ရှောင်ကျန့် တို့ နှစ်ယောက်မာလည်း ဆံပင်အတုများ
အထပ်ထပ် ဝတ်ရသော အဝတ်အစား များ အပြင် သောက်ကျိုးနည်း ပူလှသော ရာသီဥတု ကြောင့် ချွေးတစ်ဒီးဒီးနှင့်

ရှေးခတ်ကလူတွေ က ပိတ်ရှားတယ်လည်း ပြောသေး..!

အထပ်ထပ်လည်း ဝတ်ကြသေး!
နင်တို့ဟာ က ဘာတွေ လည်း?
နောင်လာနောက်သား ငါတို့ ကို ဂျင်းထည့်တာလားပြော!

ရှောင်ကျန့် ပြောင်းလဲ သွားတဲ့ သူ့ကိုယ်သူ အရှေ့ က ကြေးမုံမှန်ထဲ မာ ကြည့်နေမိသည်။

အဖြူရောင် ဝတ်စုံရှည်
ကျောလယ်ဆံပင်နဲ့
ရိုးရိုးရှင်းရှင်းသာ ထုံးဖွဲ့ထားတဲ့ သူဟာ ဒီလောက်လှ သတဲ့လား?

အေး.. အဲ့ ရိုးရိုးရှင်းရှင်းဆိုမှ ပြောရ ဦးမယ်!
ငါလေး က လေ ကြင်ယာတော် အဆောင်အယောင် တွေ ကို ခံစားရတော့မယ် ဆိုပြီး ပျော်နေတာ

ဇယ်ဝူကျွင်း က ဝေ့ရင်း ဟာ အဆောင်အယောင် မက်မောသူမဟုတ်ကြောင်း
အဝတ်အစား ကို လည်း ရိုးရိုးရှင်းရှင်း သာဝတ်တတ်ပြီး ဆံပင်ထုံးဖွဲ့ရာတွင်လည်း ဆံထိုးတစ်ခုအပြင် ဘာမှ မပန်ကြောင်း..
ထို စကားများ ကြား လိုက်ရသော အခါ..
ဝေ့ဝူရှင်း က 'ဘုရားဖြစ်မယ့် အုတ်နီခဲ လေး လား' လို့တောင် တွေးမိသွားတယ်!
(ကူစူး က အရက်ခိုးဝယ်နေတဲ့ ဝေ့ရင်း ကို ခဏမေ့ထားလိုက်ပါ ပရိတ်သတ်တို့! )

"အိုက်ယား သခင်လေး ဝေ့ရေ ခင်ဗျားလေး က ရိုးရိုးကြင့်မြင့်မြင့်ကြံခဲ့တော့
ဒီက ကောင်ကြီး ရင်ရင်ကျိုးလို့ခွေးကျကျ နေပါပြီလေ!"

ငါ ဆံပင်အရှည်နဲ့ လိုက်တယ် ဆိုရင်
အစ ကတည်း က ဆံပင် အရှည် ထားခဲ့မာပေါ့!
တကယ့် ဝေ့ဝူရှင်း ကကော ဒီလောက် လှခဲ့လား?

အေးလေ လှ မာ ပါ လှ လို့လည်း သူ့ ဟန်ကောကျွင်းကြီး က သူမှ သူဖြစ်နေရှာတာ နေမှာပေါ့!

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now