Chapter 8

29K 3.3K 255
                                    

မင်းက ငါ့ကြင်ယာတော်!
ငါပိုင်တယ်!

ရှောင်ကျန့်ရဲ့ စာအုပ်မြင်ရင် အိပ်ပျော်တက်တဲ့ အကျင့် လေး က 2019 ကနေ လန်ခေတ် အထိ ကပ်လိုက်လာတော့လည်း
ဖတ်နေတဲ့ စာအုပ်လေး တစ်ဝက်မကျိုးခင်မာ
ဇက်ကတော့ ကျိုးကာ အိပ်ကိုပျော်သွားလေတော့သည်။

မြင်းလှည်း က တစ်လှုပ်လှုပ်ဖြစ်နေတော့ ပိုဆိုး
ပုခက်ထဲ အိပ်ရတဲ့ ဘဝ ကို ပြန်ရောက်သွားသလိုဘဲ..!

ပြီးတော့ နေ့ဝက်လောက် သွားရတဲ့ ခရီးမာ သုံးစရာ ဖုန်းလည်းမရှိ
Selfie ရိုက်စရာ camera လည်းမပါ!

တကယ်ပါ ဖုန်းမရှိတဲ့ဘဝ က
အဆန်မပါတဲ့ အမြောက်လိုဘဲ ဘာမှ ကို သုံးစား လို့ကို မရ!

ဤသို့ ဖြင့် ဇာတ်လိုက်မယားဖြစ်သူ ရှောင်ကျန့်မာ ပျင်းရိစွာ ဖြင့် လှည်းပေါ် ၌ အိပ်ပြီး ရွှေနန်းတော်သို့ လိုက်ပါလာတော့လေသည်။

----------------

"ကြင်ယာတော်..!
ကြင်ယာတော်လေး ရှင့် !
စိုးရွံ့ ပေမယ့် ညနေစာ စားဖို့အချိန်တောင် ကျော်နေပြီမို့ ထတော် မူပါတော့!"

စိတ်ချ! ဒီလု နူးနူးညံညံ အသံ လောက်နဲ့ ဘယ်တော့ မှ မထတက်!
မားမားဆို အမြဲ ရိုက်ရိုက်ပြီးတော့ ကို နိုးရတာ!

"ကြင်ယာတော်လေး ရှင့် မနက်ဖြန် ဆရာ လန်ချီရမ် ရဲ့ သင်ခန်းစာချိန်ရှိပါတယ်ရှင့်!
ဆရာပေးထားတဲ့ အိမ်စာတွေ လည်း ကြင်ယာတော်လေး မပြီးမြောက်သေးရင် ဒဏ်ပေးခံ ရ..!"

Wait! What!
ဆရာ ချီရမ် က ငါ့ကို စာမေးဖို့ ဒီဖက် ခေတ်ထိ လိုက်လာတာ လား?

အာ့လို ရလို့လား?
တကယ်ကြီး လား မနောက်ကျနဲ့နော်!

လန်ချီရမ် ဆိုသည့် အသံကြားသည်နှင့် ရှောငိကျန့် ကျောတို့ က အိပ်ယာမှ အော်တို ခွာပြီးသား!

"အန် ပြီးတော့ ငါ အိပ်ပျော်သွားတာ လှည်းထဲမာ မဟုတ်ဘူးလား?
ဘယ်လိုလုပ် အဆောင်ထဲရောက်နေ? "

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now