Chapter 14

28K 3.1K 232
                                    

သေးဖြင့်နှစ်ခါတိတိ အပန်းခံရခြင်း

ရှောင်ကျန့် ရဲ့ စကားပြောတွေ အောက်မှာ ကျိုး အမတ်ကြီး ဟာ ပြားခနဲဘဲ!

သူသိရသလောက် ကြင်ယာတော်လေး က လူအေးလေးဆို!
တော်ရုံ မင်းကြီးနဲ့ပတ်သတ်ပြီး သဝန်မတိုတက်ဘူးဆို!
ကြင်ယာတော် စိတ်ဆိုးဖို့ဆို အရမ်းရက်စက်ပြမှ ရမယ် ဆို!

အခုကျ အာ့တာတွေနဲ့တစ်ခြားစီပါလား?
ကြင်ယာတော် က မသိရင် စနှိုက်ကျော်တွေ တော်တော်များများ ကို ဖြေရှင်းဖူးတဲ့ လူကြနေတာဘဲ
သူ့ကို မတုန်မလှုပ်နဲ့ ကိုင်တွယ်သွားတာများ
ငါး အကြေးခွံ ချွတ်ခံနေရသလိုဘဲ..!

အောင်မလေး ဒီလို ကြင်ယာတော်ကြီး နဲ့ပြိုင် ပြီး အနောက်ဆောင်ဝင်ချင်တာလား?
အာ့အစား မြေကွက်ကြီးကြီး သာ ကြိုဝယ်ထားတော့ အသက်ရှုချောင်ချောင် နဲ့ သေလို့ရအောင်!

ကျိုး အမတ်ကြီး ဟာ
ရှောင်ကျန့်ရဲ့ စကားတွေ အောက်မာ
ကတ္တရာ အလောင်း ခံ
ဘိလပ်မေ့ အကိုင်ခံ ရ ပြီး အတောင့်သား ပြန်ထွက်သွားလေတော့
ဝမ်ရိပေါ် အသံ ထွက်ပြီးတောင် အော်ရယ် မိသလားဘဲ!!

အဲ့ သူ့ဘေးမှာ ရှိနေတဲ့ ကြင်ယာတော်လေး က တော့ နှုတ်ခမ်းဆူ ကာ သူ့ကို မျက်စောင်းထိုးနေလေရဲ့  ...!

ကဲ ဝမ်ရိပေါ် ရေ ချော့ပေဦးတော့
မင်းက အထက်ပုဂ္ဂိုလ် မလား?
လုပ်ချင်ဦးဟဲ့ အထက်သား!

"ကဲ..  ရယ်တော် မူ လို့ဝပါပြီလား အရှင်မင်းကြီး..?"

အင်း မသုံးစဖူး နာမ်စားတွေ ကိုပါသုံးကုန်ပြီဆိုတော့
တော်တော်လေးကို ပေါက်နေပြီဘဲ..!

ဝမ်ရိပေါ် ဒီ အချိန်မာ အချစ် ဝတ္ထု တွေ မဖတ်ခဲ့မိတာ !
တစ်သက်လုံး FA အဖြစ်နဲ့ အရိုးထုတ်မယ်ဆိုပြီး သောက်ကြီးသောက်ကျယ် လေကြော ကျယ်ခဲ့တဲ့ 2019 ကို မိမိ ကိုယ်ကို ပါးသွားရိုက်ချင်နေပါပြီ!

အခုတော့ အဆင်လေးနဲ့  ဆင်ဂနယ်ပြပြီး ဟိုလိုလို သည်လိုလို ဖြစ်နေတာတောင် မင်း ဆက်ပြီး ဘာလုပ်ရမှန်းမသိဘူးမလား ဝမ်ရိပေါ်!

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now