Chapter 16

28.2K 3.2K 245
                                    

Everyday is Everyday
လဒူကြင်ယာတော်အားတစ်ပတ်ရိုက်ခြင်း!

မနက်ခင်း ရဲ့ နေရောင်ခြည် နွေးနွေးလေးဟာ မင်းကြီးရဲ့ နန်းဆောင်အတွင်း က ကုတင်ပေါ် မာ အိပ်နေတဲ့ ကြင်ယာတော်လေး ပေါ် ကို ဖြာကျ နေတာ!
ကြင်ယာတော်ရဲ့ မျက်တောင်ရှည်ရှည် စိပ်စိပ်လေးတွေ လှုပ်စိလှုပ်စိဖြစ်လာတာ !
နှာခေါင်းလေး ရှုံ့တွ ရှုံ့တွ လုပ်ရင်း
ပါးစပ်လေး ပွစိပွစိ လုပ်နေတဲ့ ဘုရင့်အချစ်တော်လေး!

ကဲ ဘယ်လောက်တောင်ပြီးပြည့်စုံတဲ့မြင်ကွင်းပါလိမ့် နော် ! ထို မြင်ကွင်းကို စိတ်ပါလက်ပါ ဖြင့် ထိုင်ကာ ကြည့်နေတဲ့ လူတစ်ယောက်ကလည်း တကယ့်ကို အသည်းတယားယား!

ရိပေါ် သူ့ ကျန့်ကော ကို အပိုင် ရပြီးတာ ကို သူမယုံနိုင်သေးဘူး!
ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီလူသားဟာ အရမ်း ကို ပြီးပြည့်စုံလွန်းတယ်!
သူနဲ့ထိုက်တန်ပါရဲ့လား?
သူဆိုတာ စိတ်ထဲ မပါရင် ဟန်ဆောင်ပန်ဆောင်တောင် မပြုံးတက်!
လူမှု ဆက်ဆံရေး က လည်း ညံ့သေး!
ကန့်လန့်တိုက်တဲ့နေရာမာ တစ်ဖက်ကမ်းခတ်!
ဒီလို လူမျိုးကိုကော သူက ဘယ်လောက်ကြာကြာ ချစ်ပေးနိုင်မာလဲ?

အကယ် ၍ သူတို့ 2019 ကို ပြန်ရောက်သွားတဲ့ အချိန်...!
ဒီအဖြစ်အပျက်တွေ ကို ကျန့်ကော က မသိချင်ယောင်ဆောင်ပြီး သူ့ကို ပစ်သွားရင်ဘယ်လိုလုပ်မလဲ?
သူ့ကို တာဝန် မယူရင် ဘယ်လိုလုပ်မလဲ?
(ပေါ်ကြီး နစ်နာသူမှားနေပြီနော်! )

အတွေးတွေ နဲ့ ပူလောင်နေတဲ့ ဝမ်ရိပေါ် ဟာ ဆုံးဖြတ်ချက် တစ်ခု ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်ကာ ထိုင်နေရာမှ ထလိုက်တယ်!

အကယ် ၍ သူတို့ 2019 ကိုပြန်ရောက်လို့ ကျန့်ကော က သူ့ကို မေ့ချင်ယောင်ဆောင်သွားရင်တောင်သူ က မေ့မရအောင်လုပ်မာ!

အာ့လို လုပ်ဖို့ အခု လက်ရှိ လန်ဝမ်ကျီးဆိုတဲ့ ဖြစ်တည်မှု ကို အသုံးချ ဖို့လိုအပ်တယ်!

အခု ချိန်မာ ရှောင်ကျန့် ဟာ သူတစ်ယောက်တည်း ပိုင်တဲ့ သူ့ကြင်ယာတော် ဖြစ်နေပြီး သူဟာ လည်း တစ်မိုးအောက်မာ အာဏာ အရှိဆုံး မင်းကြီး လန်ဝမ်ကျီး ဖြစ်တယ်!
ဒီအချိန် ဟာ သူနဲ့ ကျန့်ကော ရဲ့ သံယောဇဉ်တွေ ကို အခြေ တည် အောင် ဆောက်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်တာကြောင့် ပြည့်ပြည့်ဝဝ အသုံးချ ဖို့ ရည်ရွယ်ထားတယ်!

Arrangement Marriage From Heaven(Completed 😘)Where stories live. Discover now