1

9.3K 358 13
                                    

Unicode




"နှင်းဖြူ ၊ မနှင်းဖြူလေးရေ "

၄ နှစ်အရွယ်သာ ရှိသေးသော ကလေးမလေးက စောင်ကြမ်းတစ်ထည်ဖြင့် ပတ်ထားသော အနှီးထုတ်လေးကို ထိုသို့ ချော့မြူလေတော့ အနှီးထုတ်ထဲက ရက်သားအရွယ် နီတာရဲလေးက တခစ်ခစ် ရယ်မောကာ တုန့်ပြန်လေသည်။ စတင်ခဲ့ပြီဖြစ်သော ဘဝအတွက် သူ့နာမည်လေးကိုပင် သဘောကျလေဟန် ။

ကြည်နူးစရာကောင်းသော မြင်ကွင်းလေးပင် ဖြစ်လင့်ကစား တိုက်နယ်ဆရာဝန်ဒေါ်သက်ထားမှာဖြင့် ထိုအရာကို ငိုင်တွေစွာ ငေးကြည့်နေမိသည် ။ လေးနှစ်အရွယ် ကလေးမလေးက မိမိ၏ သမီးဖြစ်သူ 'ဒီလှိုင်း' ဖြစ်ပြီး ၊ ထိုနီတာရဲကလေးလေးကတော့ ... ။

လွန်ခဲ့သော သုံးရက်ကမှ လူတစ်ကိုယ်လုံး ဖောယောင်ကာ ကိုယ်ဝန်ဆိပ်တက်လျက်ရှိသော အမျိုးသမီးကို ပြန်မြင်ယောင်လာသည်။ "ကလေးကိုတော့ ဆက်ဆက်ကယ်ပေးပါ" ဟု တောင်းဆိုလာသော ထိုအမျိုးသမီးကို မကယ်တင်လိုက်နိုင်သဖြင့် စိတ်မကောင်းဖြစ်ရသည့်အထဲ ကလေးငယ်ကို ကြည့်ကာ ပို၍ ပူပန်သောက ရောက်မိသည်။ မိခင်ဖြစ်သူကတော့ ဘာအစီအစဥ်များ ရှိနေသလဲ ပြောပြမသွားနိုင်ဘဲ ကလေးကိုဖွားပြီးနောက် တစ်ရက်မပြည့်ခင်မှာပင် သမီးဖြစ်သူကို လောကအလယ် စိတ်ချလက်ချ ထားရစ်ခဲ့ကာ ထွက်သွားလေပြီ ။

ဒေါ်သက်ထားတစ်ယောက် သက်ပြင်းကို ရှိုက်လိုက်ပြန်၏။ မြို့ခံလူများကို မေးကြည့်သေးသော်လည်း ထိုအမျိုးသမီး၏ ဇာတိဇစ်မြစ်ကို သိသူမရှိကြသလို သည်မြို့မှာလည်း ဆွေမျိုးရယ်လို့ ရှိပုံမရ ။ ဗိုက်တစ်လုံးဖြင့် တစ်ယောက်တည်း ရောက်လာကာ အခန်းငှါး၍ နေသည်ဟု သိရ၏။

"'ဒီလေး'က ဘာလို့ နှင်းဖြူလို့ ခေါ်လိုက်တာလဲ
သူ့မှာ နာမည်မှ မရှိသေးတာ "

ဒေါ်သက်ထား၏ မျက်နှာကို အကဲခတ်သလို ကြည့်နေသော သူနာပြုဆရာမလေးက သူ့စိတ်သူ လျှော့လိုက်ပုံရကာ ကလေးမလေးကို စနောက်သလို မေးတော့ နဂိုကတည်းက သွက်သွက်လက်လက်ရှိလှသည့် 'ဒီလေး'က မဆိုင်းမတွ ပြန်​ဖြေသည် ။

"ဟာ  မမ ကလည်း နှင်းဖြူလေးက မနှင်းဖြူဆိုတဲ့ နာမည်လေးနဲ့ မလိုက်ဘူးလား ကြည့်ပါအုံး
အသားလေးကဆို ဖြူဆွတ်နေတာပဲ ၊ ပါးလေးကဆိုလည်း ဆေးရုံရှေ့မှာ စိုက်ထားတဲ့ ပန်းရဲ့အရောင်လေး "

ဒီနွင္း (ဒီနှင်း )Where stories live. Discover now