10

2.8K 276 17
                                    

"မေမေ ဒီနေ့ ဘယ်သွားဖို့ ရှိလဲဟင် "

ရောက်ကတည်းက အနီးအနားက ရွာတွေကို
လှည့်လာသွားနေသော မေမေ့ကို နှာခေါင်းလေး
ရှုံ့လျက်က မေးမိသည် ။
မေမေ ဒီမှာ ဘယ်လောက်ကြာအောင် နေခဲ့လဲ မသိ
သွားလိုက်တဲ့ ရွာတိုင်းမှာလည်း မသိတဲ့သူ မရှိ
အနှစ် ၂၀ လောက် ကြာသွားတာတောင်မှ မမေ့ကြသေး

"ဒီနေ့တော့ .. ဘယ်မှ မသွားဘူး "

"ရေး ဟေး "

ထခုန်မိမတတ်ကို ပျော်သွားသည် ။
ဒီနေ့တော့ သေချာပေါက်ကို အနားယူချိန်ရပြီ ထင်ပါရဲ့ ။

အနီးအနားက ရွာလေးတွေဆိုပေမယ့်
တစ်ရွာနဲ့တစ်ရွာ ရောက်ဖို့ရာအတွက် တောင်တက်လမ်း
တောင်ဆင်းလမ်း အကွေ့တွေ ဖြတ်ပြီးမှ ရောက်တာမို့
မြင်နေရတဲ့ ရွာလေးတွေပဲ သွားတာတောင် ပင်ပန်းချက်။

"မနက်ဖြန် မြို့ထဲက မင်္ဂလာဆောင် ဖိတ်ထားတယ် "

မြို့ထဲတင်ဆိုတော့ မဆိုးပါဘူးဟုသာ တွေးလိုက်ရသည်
မေမေ ဒီတစ်သက် ဒီ အဆောင်မှာ ကပ်အုံးမှာလား ။
ဘာပဲ ဖြစ်ဖြစ် ဒီနေ့ည အပြတ်နား ရမယ် ။

"ညကျရင် သတို့သမီး ကြိုဆိုပွဲရှိတယ် "

"သတို့သမီး ကြိုဆိုပွဲဆိုတာ ဘာကိုပြောတာလဲ "

"ညကျရင် တွေ့ပါလိမ့်မယ် အဲ့ကျ ပြောပြမယ်"

နားချင်တဲ့ စိတ်ထက်
ညဘက်မှာလုပ်တဲ့ သတို့သမီးကြိုဆိုပွဲ ဆိုတဲ့
အသုံးအနှုံးခပ်ဆန်းဆန်းကိုသာ စိတ်ဝင်စားနေမိသည်။

ဒီ ကိုယ့်ဘာသာ Model တစ်ယောက်ဆိုတာ
ဒီဒေသရောက်ကတည်းက မေ့နေတယ်လို့ပဲ ပြောရမယ်။
ဟုတ်တယ်လေ အခု ပွဲက ညဘက်ဆိုတော့
ဒီတို့ မြေပြန့်မှာဆို Party လိုမျိုးပဲလေ ။
ဒါပေမယ့် အခု ပွဲသွားမယ့် ဒီ့ ပုံစံက မြေပြန့်က
Media သမားတွေသာ မြင်ရင် ဘယ်လိုနေမလဲ မသိ

နေ့ခင်းဘက် နေရင်မြင်နေရတဲ့ အချိန်မှာတော့
အနွေးထည် မချွတ်နိုင်တော့ ခုလို ညဘက်ဆို ပိုဆိုးရော
အပြင်ထွက်ရမှာဆိုတော့ လှခြင်း မလှခြင်းတွေလည်း
ဂရုမစိုက်နိုင်အား
အထဲက ဆွယ်တာ အထူတစ်ထည်အပြင် အပေါ်ကနေ
Long Coat အရှည်အထူကြီးပါ ထပ်ဝတ်ထားသေးသည် ။ ဒီရောက်မှ ဝယ်ထားတဲ့ သိုးမွှေးဦးထုပ်ကိုလည်း
ခေါင်းတစ်ခုလုံး နားရွက်ဖျားအထိ အုပ်နေအောင် ဆောင်းထားပြီး ခြေအိတ်လက်အိပ်တွေပါ စွပ်ထားတာ
ဒီ့ကို ကြည့်ရင် နှာခေါင်း လေးသာ မြင်ရမည်ထင်သည်။

ဒီနှင်း (ဒီနှင်း )Hikayelerin yaşadığı yer. Şimdi keşfedin