2

3.4K 259 5
                                    


Unicode

"ဟာ .. ဟိုမှာ ..
ဒီလှိုင်း .. ထွက်လာပြီ"

"ဓာတ်ပုံ ရိုက် .. ရိုက် "

တဖျတ်ဖျတ် လင်းနေသော Camera တွေအရှေ့
ဝင့်ကြွားစွာ ရပ်နေသူ တစ်ဦးကတော့ ဒီလှိုင်း ဖြစ်သည် ။ မြင့်မားသော အရပ် ၊ သွယ်လျသော ကိုယ်ဟန် ၊ ဘိုဆန်သော မျက်နှာလေးဖြင့် ဒီလှိုင်းဟာ အသက် ၂၄ နှစ်အရွယ်မှာပင် အောင်မြင်သော မော်ဒယ် တစ်ယောက် ဖြစ်လာသည်။ ရုပ်ရှင်ရိုက်ဖို့လည်း အများကြီး ကမ်းလှမ်းခံရပေမဲ့ သရုပ်ဆောင်ခြင်း၌ စိတ်မဝင်စားဟု ငြင်းပယ်ကာ ကြော်ငြာတွေ Magazine တွေသာ လက်ခံ ရိုက်ကူးလေသည် ။ အဓိက ရိုက်ကူးသည်ကတော့ Fashion Magazine များသာ ဖြစ်သည်။ ရုပ်ရှင်နယ်ပယ်ထက် စာလျှင် ကျဥ်းမြောင်းသော နယ်ပယ်လေးပင် ဖြစ်သော်လည်း လူများက သူမကို ရုပ်ရှင်မင်းသမီးတစ်ယောက်လို သည်းသည်းလှုပ် ချစ်ကြသည်မှာလည်း ဒီလှိုင်း၏ 'စန်း'ပွင့်ခြင်းတစ်မျိုးပင် ။

"ငါကတော့ နင့်ကို သိပ်အားကျတာပဲ
D ရယ် "

ဒီလှိုင်း၏ ဝတ်စုံမှန်သမျှကို ပင်တိုင်ဖန်တီးနေကျ
သူငယ်ချင်းလည်း ဖြစ်သော ဝတ်မှုံက ဒီလှိုင်းကို  အားကျစွာ ငေးကြည့်ရင်း ထိုကဲ့သို့ အမြဲပြောတတ်သည် ။

"အမလေး ..
မသိတဲ့သူများ ကြားရင် နင်က မအောင်မြင်ဘူးပေါ့ .. ဒီဇိုင်နာ ချယ်ရီဝတ်မှုံဆိုရင် ဒီနယ်ပယ်ထဲမှာ မသိတဲ့သူ ဘယ်သူများ ရှိလို့လဲ "

"ဒါပေမဲ့ ငါ့ဝတ်စုံတွေက နင်ဝတ်ပေးလို့ အောင်မြင်တာလေ"

ထိုစကားကိုတော့ ဒီလှိုင်းက မကြိုက်။ ဝတ်မှုံဟာ သိမ်ငယ်တတ်လွန်းသည် ။ သူ့ကိုယ်သူ ယုံကြည်နည်းကာ အားငယ်တတ်လွန်းသည်ဟု ထင်မြင်မိ၏ ။ သို့သော် ဆက်ပြောတိုင်းလည်း မထူးတော့တာကို  ဒီနှစ်တွေအတွင်း သိလာတာမို့ ဘာမှ ဆက်မပြောတော့ ။

"ကဲ
အဲ့ဒီလောက်တောင် ငါ့ကို ချီးကျူးချင်နေရင်လည်း ထားပါတော့ ၊ ဒီနေ့ည Party ပွဲ တစ်ပွဲ တက်ရမယ် ။ နင်က ငါ့ပါတနာ လုပ်ပေးမယ် မဟုတ်လား .. ပြင်ထားလိုက်နော် ညနေကျ
ငါ လာပြီ ဝင်ခေါ်မယ် အိုခေ "

"အင်း "

ဝတ်မှုံ၏ အဖြေစကားကို မစောင့် ၊ သူပြောချင်ရာ ပြောပြီး ကားပေါ်တက်သွားသည်အထိ တာ့တာ လှမ်းပြ၍ မပြီးနိုင် ဝေဝေဆာဆာ ပြုံးပြနေလျက်ရှိသော ကောင်မလေးဟာ မှန်သားပြင်ပေါ်က ဝံ့ကြွားနေတတ်သည့် မော်ဒယ်မလေး မဟုတ်တော့ ဒါက ဝတ်မှုံ သူငယ်ချင်း ဒီလှိုင်း
ဒါမှမဟုတ် ဝတ်မှုံ ခေါ်နေကျ D ။

ဒီနွင္း (ဒီနှင်း )Where stories live. Discover now