4

3.1K 273 16
                                    

"တီ.. တီ ... တီ "

"တီ ... တီ ... တီ "

"ဟာ ... ဘာလဲဟာ "

ဆက်တိုက်မြည်နေတဲ့ ဖုန်းကို မျက်လုံးပင်မဖွင့်ပဲ
ကောက်ကိုင်လိုက်ရင်း .Contact name ကိုကြည့်တော့ .. U Pwasi
ဒီလှိုင်း ရဲ့ Ent. သူဋ္ဌေး နာမည် ဦးဘကြည် ကို
ပွစိပွစိ ပြောလွန်းသဖြင့် ဦးပွစိ ဟု မှတ်ထားခြင်းသာ
အတန်ကြာအောင် ကြည့်နေပြီးမှ ကောက်ကိုင်လိုက်ပြီး

"ဘာလို့ အဲ့လောက်တောင် အလောတကြီး
ခေါ်နေရတာလဲ "

"အေး .. မင်းကတော့ ဘာမှမသိသေးဘူးပေါ့
ခုချက်ချင်း ဒီကိုလာခဲ့ နင်ရှာထားတဲ့ ပြဿနာ နင်ရှင်း"

ဖုန်းချပြီးသွားသည်အထိ ဘာမှ နားမလည်လိုက်
အူကြောင်ကြောင် ကျန်ရစ်ခဲ့သည် ။

"တောင် "

message တစ်စောင် ဝင်လာလို့ ဖွင့်ကြည့်လိုက်မှ
မျက်လုံးက ဧရာမလောက် ပြူးထွက်လာသည် ။

ဓာတ်ပုံအချို့နဲ့အတူ သတင်း link တစ်ခု
သတင်း Link ကို ဝင်ဖတ်စရာမလိုပဲ ပုံတွေမြင်တာနဲ့
ဘာ သတင်းလဲဆိုတာ သိသာနေပြီ

တက်သစ်စ မင်းသားချောလေးတစ်ယောက်က
ဒီ့ ပါးကို နမ်းနေတဲ့ပုံတွေ

တကယ်တော့ နမ်းနေတာမဟုတ်ပဲ
သီချင်းသံ ဆူညံလွန်းလို့ စကားပြောတာ ကပ်ပြောခဲ့မှန်း
မှတ်မိပါသည် ။ ဒီလှိုင်းက မူးနေတာမှ မဟုတ်တာ

ပည်သူ့အချစ်တော် မော်ဒယ်သရုပ်ဆောင် ဒီလှိုင်း နဲ့
တက်သစ်စ မင်းသားချောလေး ရှင်းလွန်း တို့ ချစ်သူတွေ ဖြစ်နေကြတာလား

အမလေး သတင်းခေါင်းစဉ်ကြီးကလည်း လွန်လွန်ကဲကဲ
လောလောဆယ်တော့ အစည်းအဝေးခန်းထဲ ကို
အရင်ပြေးရပေအုံးမည် ။

အစည်းအဝေးခန်းထဲမှာတော့ ဦးပွစိက
မျက်နှာရှစ်ခေါက်ချိုးနဲ့ ထိုင်စောင့်နေပေပြီ
ဒီလှိုင်း ကလည်း ဘယ်သူမို့လို့လဲ အောက်ကျခံပြီး
ပြုံးပြမနေတော့ပဲ

"ဒီ ပြဿနာ ဒီ ရှင်းလိုက်မယ် "

"အမလေး မိဒီရယ် နင်က ဘယ်လိုရှင်းမှာလဲ
ထားလိုက်တော့ .. ဒီလိုလုပ် .. ဒီအတိုင်းထားလိုက် "

ဒီနှင်း (ဒီနှင်း )Where stories live. Discover now