3

3.1K 245 21
                                    



Unicode

ဝတ်မှုံတို့ အိမ်ရှေ့မှာ ကားရပ်လိုက်တာနဲ့
သူမ က ကွက်တိ အိမ်ထဲက ထွက်လာတာကို
တွေ့လိုက်ရသည် ။
ဘယ်အရာကိုမှ Timing ကိုက်ထားစရာ မလိုပဲ
ကွက်တိ လိုက်ဖက်လွန်းလှသည်ဟု ဒီလှိုင်း
ကိုယ့်ဘက်ကိုယက်ပြီး တွေးလိုက်မိသည် ။

ပန်းနုရောင် ဂါဝန်အတိုလေး ဝတ်ထားတဲ့ သူမ ပုံစံက
ဒီလှိုင်း စိတ်ကူးထဲက မိန်းကလေးပုံစံနဲ့ ကွက်တိကျနေသေးသည် ။

"ဟဲ့ .. ဘာကြည့်နေတာလဲ သွားမယ်လေ "

"အွန်း .. နင်က လှလွန်းလို့ပါ "

တကယ်တော့ အသားမဖြူမညိုနဲ့ ဝတ်မှုံက
အရမ်းလှသည်ဟုလည်း မဆိုသာပေမယ့်
မျက်လုံးဝိုင်းကြီးတွေကတော့ သိသိသာသာကို
ဆွဲဆောင်မှုရှိသည်ဟု ဆိုရမှာပင်

အမှန်အတိုင်း ပြောရရင်
ကျောင်းတက်တုန်းက ဒီလှိုင်းက အဲ့လောက် popular
မဖြစ်ပဲ ဝတ်မှုံက ပိုလို့ နာမည်ကြီးခဲ့တာ
ဒီလှိုင်း ကိုယ်တိုင်လည်း ခုလိုမျိုး မော်ဒယ်လုပ်မယ်ဆိုပြီး
အိမ်မက်တောင် မက်ဖူးခဲ့တာမဟုတ်

ဝတ်မှုံက Designer ဖြစ်ချင်သည်ဟု ပြောတုန်းက
မော်ဒယ်လုပ်ပြီး Promote လုပ်ပေးမယ်ဟု
စနောက်ပြီး ပြောသောစကားကို ဝတ်မှုံက

"အေး ကောင်းသားပဲ
ငါ အခုမှ သေချာကြည့်မိတယ်
နင်က ခြေတံ လက်တံတွေလည်း အရှည်ကြီးပဲ
နင့် မျက်နှာအလှကလည်း ဘိုဆန်တယ်ဟ
လုပ်ကြည့်ပါလား "

အဲ့လိုနဲ့ပဲ လုပ်ဖြစ်ခဲ့တယ် ဆိုပါစို့
ပြောရရင် ဒီလှိုင်း ရဲ့ ဖြစ်တည်မှုတိုင်းက ဝတ်မှုံနဲ့
ဆက်နွယ်မှု ရှိနေတာမျိုး
ဆက်နွယ်မှုရှိတယ်ဆိုတာထက် မှီတွယ်နေတာဆို ပိုမှန်မလားပဲ
ဝတ်မှုံ သာမရှိရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့တောင်
ထင်မိသည် ။
အဲ့လိုတွေးမိလိုက်တော့ ဝတ်မှုံကို တခြားသူပိုင်ဆိုင်သွားမှာ စိုးရိမ်လာသည် ။ သူတို့အသက်တွေတောင်
၂၄ နှစ်ပြည့်ပြီးလို့ အသက် အစိတ် ထဲ ရောက်လာကြပြီ
မကြာခင် လက်ထပ်ရတော့မယ့် အရွယ်ရောက်လာပြီ
ပြီးတော့ ဝတ်မှုံက မကြာခန အိမ်နဲ့ဝေးရာ သွားချင်သူ
တစ်ခြားလူတစ်ယောက်နဲ့ ချစ်ကြိုက်သွားပြီး
လက်ထပ်သွားရင် .. ဒီလှိုင်း ဘယ်လိုမှ နေနိုင်မှာမဟုတ်လို့ ဝတ်မှုံကို ပိုင်ဆိုင်ဖို့ ကြိုးစားမိသည် ။
ခေတ်ရေစီးကြောင်းကို နားလည်တဲ့ လူငယ်တွေမို့
ဝတ်မှုံ လက်ခံနိုင်မယ်လို့ ထင်မြင်မိပါသည် ။

ဒီနွင္း (ဒီနှင်း )Where stories live. Discover now