11

2.7K 253 15
                                    

မြူတွေပိတ်နေသော နေရာတစ်ခုကို
ဒီ ရောက်နေသည် ။ ဘာကိုမှ ရှင်းလင်းသဲကွဲစွာ မမြင်ရ
ဆက်လျှောက်မိတဲ့အချိန်မှာ
အခန်းကျဉ်းတစ်ခုထဲ ရောက်သွားပြန်သည် ။
တံခါးပေါက်လေးတစ်ခုတောင်မှ မဖြတ်ခဲ့ပဲနဲ့ ဒီကို
ဘယ်လိုရောက်လာတာလဲ ။
အဓိပ္ပါယ်မရှိတာဆို အိမ်မက်မက်နေတာပဲ ဖြစ်ရမယ် ။
ကိုယ့် ဥာဏ်ကောင်းလွန်နေမှုကို မတရားသဘောကျသွားပြီး ထိုနေရာက ထွက်လာဖို့ ပြန်လှည့်လိုက်သည် ။
ပြန်မလှည့်လို့လဲ မဖြစ်
သရဲအိမ်မက်လိုဟာမျိုးတွေ မက်နေရင် ဘယ်လိုလုပ်မလဲ

"ငါ သွားတော့မယ် "

ဒီ ပြောလိုက်တဲ့ စကားမဟုတ်
ဒါဆိုရင် ဒီ အခန်းထဲ တခြားတစ်ယောက် ရှိနေသေးလား
ပြန်လှည့်ကြည့်လိုက်တော့ ခုနက ဗလာဖြစ်နေတဲ့
အခန်းကျဉ်းလေးမှာ ၅ နှစ်အရွယ် ကလေးမလေး တစ်ယောက်ရယ် အနှီးလေးနဲ့ ထုပ်ထားတဲ့  မွေးကင်းစ
ကလေးလေး တစ်ယောက်ရယ်

"ဘာတွေလဲ .. သရဲတွေလား"

ဒီ အော်လိုက်သံကို ကြားဟန်မတူပဲ
ဆံပင်ဂုတ်ထောက်လေးနဲ့ ကလေးမလေးက နီတာရဲလေးကို ဆက်ပြောနေသည် ။

"ငါ သွားရတော့မယ်တဲ့ ငါ့ အမေ က ပြောတယ် "

ကလေးမလေးရဲ့ စကားကို နားလည်သည့်အလား
နီတာရဲ ကလေးပေါက်စလေးက စူးစူးဝါးဝါး အော်ငိုလေသည် ။

"မငိုပါနဲ့ .. နင်ငိုရင် ငါလည်း ငိုချင်တာပေါ့လို့ "

ကလေးမလေးရဲ့ မျက်နှာလေးပါ
ရှုံ့မဲ့မဲ့ ဖြစ်လာသည် ။ ငိုချလိုက်တော့မလား ထင်ခဲ့ပေမယ့်
မငိုချပဲ မျက်ရည်တွေ ပြည့်လျှံနေလျက်က

"တိတ်တော့နော် မငိုနဲ့တော့နော်
ငါနဲ့ လိုက်ခဲ့ချင်ရင် ခေါ်သွားပေးမယ် "

ထူးဆန်းစွာပင် ပေါက်စလေးက အငိုတိတ်သွားသည်။
ကလေးမလေး မျက်နှာကလည်း ပြုံးယောင်သန်းလာသည်

"ဒီလေးရေ သွားရအောင် "

ရုတ်တရက်ကြီး မေမေ့အသံ ကြားလိုက်ရသည် ။
ဒီ့ ကို ခေါ်နေတာပဲ ။

"ဟုတ်ကဲ့"

ဒီ ထူးလိုက်တာမဟုတ်
ကလေးမလေးက ပြောလိုက်တာ ဖြစ်သည် ။

ဒီနှင်း (ဒီနှင်း )Where stories live. Discover now