7

2.9K 262 15
                                    

ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြတဲ့
စကားတွေကြားမှာ တစ်ချက်တစ်ချက် ငိုက်ချင်လာသည်။
ခရီးပန်းလာတဲ့ အရှိန်ကြောင့်ရော
စကားသံ ဝဲဝဲတွေကရော ပို အိပ်ချင်စေသလား
မပြောတတ် ပြီးတော့လအချမ်းပြေဆိုပြီး သောက်ထားတဲ့
ခေါင်ရည် တန်ခိုးတွေကြောင့်လား ။

စကားပြောနေကြတာက ဒီ တို့ မြို့တွေမှာလို
အိမ်ပေါ်မှာ ဆိုဖာထိုင်ခုံတွေနဲ့ သာဆို အိပ်ပျော်နေလောက်ပြီ
အခုတော့ ဒီ ဒေသလေးရဲ့ ဧည့်ခန်းလို့ပဲ ပြောရမလား
မီးဖိုခန်းထဲမှာပဲ မီးဖို ပတ်ပတ်လည် ထိုင်ခုံတွေ ဝိုင်းပြီး
ထိုင်ကာ အုပ်စုဖွဲ့ စကားပြောနေကြတာ ရိုးရာနဲ့တူသည်။
ဒီသာ အိပ်ပျော်သွားတာနဲ့ မီးပုံထဲ ကျမှာမို့ မနဲထိန်းနေတဲ့ကြားက
တစ်ချက်တစ်ချက် ဆိုသလို ဆတ်ခနဲ ငိုက်ကျသွားသေးသည်။

"မနက်ဖြန် အစောကြီး ထ ရမှာဆိုတော့ အိပ်ကြရအောင်"

အိပ်ကြရအောင် ဆိုမှပဲ
အစောကြီး ထရမယ် ဆိုတဲ့ စကားကြောင့်
အိပ်ချင်ပြေသွားသော ဒီတစ်ယောက် အလန့်တကြားဖြင့်

"ဟင် အစောကြီး ထရမယ် ဘာလို့လဲ "

တစ်ချိန်လုံး တိတ်ဆိတ်နေပြီးမှ ထအော်တဲ့ ဒီ့ ကို
အားလုံးက ဝိုင်းကြည့်ပြီး ရီချင်နေကြတဲ့ပုံစံ

"ခရီးဆက်ရအုံးမယ်လေ .  ဒီလေး ရဲ့ "

"ဟင်"

စိတ်ပျက်  လက်ပျက် ဖြစ်သွားတဲ့ ဒီ့ ပုံစံက
ရီချင်စရာကောင်းနေလို့လား မသိ အားလုံးက
ပြုံးစိစိ

"ကားနောက်မှာ မစီးရတော့ပါဘူး ဒီလေးရဲ့ "

"ဟင် တကယ်ပြောတာလား "

ရုတ်တရက်ဆိုသလို ဝမ်းသာအားရဖြစ်သွားတာကိုလည်း
မထိန်းလိုက်နိုင် ဒီ အဲ့ဒီကားနောက်မှာ တကယ်
မစီးချင်တော့ဘူး ။


"မွန် ချာ့ ဘေး ယို "

အိပ်ဖို့အတွက် လူစုခွဲကြတော့
မနှင်းဖြူ ဆိုတဲ့ ကလေးမလေးက လေသံဝဲဝဲနဲ့
ပြောလိုက်တဲ့ တိုင်းရင်းသား စကားလေး
သူ့ကို တိုင်တည်ပြီး ပြောတာ မဟုတ်ပေမယ့်
ထပ်ပြီးတော့ သဘောကျမိပြန်ပြီ ။
ကောင်မလေးကို မဟုတ်ဘူးနော် စကားလုံးကိုပေါ့ ။
တခြားသူမကြားအောင် မေမေ့နား ကပ်ပြီး မေးလိုက်ရသေးသည် ။

ဒီနှင်း (ဒီနှင်း )Where stories live. Discover now