13

2.8K 288 29
                                    

"ဒီလေး မေမေတို့ ပြန်ကြရအောင် "

"ဟင် ထပ်ပြီးတော့လား "

"ဒီမှာအမြဲတမ်း နေလို့မရတာ "

မေမေ့စကားကို ဒီ နားလည်ပါသည် ။
အခု ဒီတို့နေနေတာက အလည်သက်သက်ပဲ
လာလို့ရတဲ့နေရာဖြစ်သည် ။

"မေမေ "

"ပြောလေ ဒီလေး "

"ဒီတစ်ခါတော့ မနှင်းဖြူလေးကို ခေါ်သွားချင်တယ် "

"အင်း ခေါ်လေ
ဒါပေမယ့် သူလိုက်ချင်တယ် ဆိုမှနော်
ပထမတစ်ခါ သတ်မိမလို ဖြစ်ပြီးပြီ ဒီတစ်ခါတော့ "

"စိတ်ချပါ မေမေရဲ့
ဒီလေးတို့ ဘယ်တော့ပြန်ကြမှာလဲဟင် "

"Christmas ပြီးရင်ပေါ့ "

ဟင် သိပ်တောင် မလိုတော့ဘူးပဲ
ဒီလို အင်တာနက်မမိ လမ်းခရီးခက်ခဲတဲ့နေရာမှာ
အချိန်တွေ အကုန်မြန်လိုက်တာလို့ တွေးမိတာ
ဒီတစ်ယောက်ပဲ ရှိမယ်ထင်ပါရဲ့
ဒီတို့ ရောကလာတာကစပြီး ခုထိဆို
၇လ တောင် ရှိသွားပြီပဲ ။

ခုဆို December လထဲ ရောက်လာပြီ
Christmas နေ့ဆိုတာ သိပ်မဝေးတော့ပေ
ဒီအတောအတွင်း မနှင်းဖြူလေးနဲ့ ရင်းနှီးသင့်သလောက်
ရင်းနှီးလာပြီ ဖြစ်ပေမယ့်
လိုက်ခဲ့ပါခေါ်တိုင်း လိုက်လာမယ့်အဆင့်မရှိသေး ။

"မနှင်းဖြူ ဒီနေ့ ဘယ်သွားစရာရှိလဲ "

"ပီးသေး တို့ လယ်ကို သွားမလို့ "

"ငါလည်း လိုက်ခဲ့မယ် "

"လိုက်နိုင်မှာ မဟုတ်ဘူး
တောင်တက်လမ်းတွေချည်းပဲ "

တောင်တက်လမ်းဆိုသောကြောင့်
ဒီလေး ကြောက်သွားပေမယ့် မတတ်နိုင်
ဒီနေ့ပဲဖြစ်ဖြစ် မနှင်းဖြူကို ချစ်တဲ့အကြောင်း ဖွင့်ပြောရမယ်

"ရတယ် "

ယုံကြည်ချက်ရှိရှိ ပြောလိုက်သော စကားကို
မယုံနိုင်သလို စွေကြည့်သည် ။ ပြီးမှ

"ငါတော့ တွဲခေါ်မှာ မဟုတ်ဘူးနော် လိုက်ရင် လိုက်ခဲ့ "

တွဲခေါ်မှာ မဟုတ်ဘူးဆိုပေမယ့်
တကယ်လည်း တောင်ယာသွားတဲ့ လမ်းတစ်လျှောက်လုံး
မနှင်းဖြူကချည်း ဆွဲခေါ်သွားရတာ ဖြစ်လေသည် ။
အစပိုင်းမှာတော့ မာန ထိခိုက်မှာ စိုး၍
ရတယ် ဟုသာ အားတင်းပြီး ဆက်လျှောက်နေပေမယ့်
မတ်စောက်လွန်းတဲ့ တောင်တက်လမ်းတွေကသာ
ဒီ့ ကို အနိုင်ယူသွားလေသည် ။

ဒီနှင်း (ဒီနှင်း )Hikayelerin yaşadığı yer. Şimdi keşfedin