9

2.8K 255 12
                                    



"ဒေါက်တာ ဒီကို အလည်သက်သက်လာတာလား "

"ပြန်လာချင်မှာ မဟုတ်ဘူးထင်နေတာ "

"တော်တော်များများ ဧည့်သည်တိုင်းလည်း
နောက်တစ်ခါ ပြန်မလာကြပါဘူး "

"ဒေါက်တာ အတွက်ဆို ပိုလို့တောင်မှ "

မြို့ဆိုင်းဘုတ်လေးတောင် မတွေ့ခဲ့ရတဲ့ မြို့ကို
ရောက်ရှိပြီးနောက် ဒီ တို့ တည်းခိုရာ နေရာကို
ရောက်လာကြတဲ့ လူကြီး သုံးလေးယောက်က
ဒီ နားမလည်တဲ့ အဆက်အစပ်မရှိတဲ့ စကားတွေ
မေမေ့ကို ရည်ရွယ်ပြီး ပြောနေကြပေမယ့်
မေမေက ပြုံးရုံသာ ပြုံးနေခဲ့ပြီး နာမည်တစ်ချို့ကို
ရေရွတ်ပြီး သတင်းမေးသလိုနဲ့ စကားလွှဲပြောသည်။

"ဒေါ်ရာမိသေး တို့ ဦးအားပေါ့ တို့ရော
အရင်အတိုင်း ဒီဆေးရုံမှာပဲလား "

နာမည်ထူးထူးဆန်းဆန်းတွေကို မေမေ ဘယ်လိုများ
မှတ်မိနိုင်တာလဲဆိုတာ ဒီ မတွေးတတ်တော့ ။

"ဒေါ်ရာမိသေးက မနက်ဖြန် မနက် Duty တက်လာလိမ့်မယ် ဒေါက်တာ ရောက်နေမှန်း သူမသိသေးဘူး
"ဦးအားပေါ့က မရှိတော့ဘူး
အခုသူ့သမီး အေးရိသေး က အစားတာဝန်ယူနေတာ "

"မရှိတော့ဘူး ဆိုတာက "

"၅ နှစ်လောက်ရှိပြီ . တောင်ယာခုတ်သွားရင်း
မြေပြိုတဲ့ဆီ ပါသွားတာ "

မေမေ က ငြိမ်ကျသွားသည်
ဒီ အမြင်မှားတာမဟုတ်ဘူးဆိုရင် မေမေ မျက်ရည်ဝဲနေခဲ့သလားလို့ ။

"စကားတွေပဲပြောနေကြတာ
မနှင်းဖြူရေ ရေနွေးကြမ်း နဲ့ နွားနောက်သားခြောက်ထောင်း လာချပါအုံး "

မေမေ က မျက်ရည်တွေကို ပြန်သိမ်းလိုက်ဟန်တူပါသည်။
ခပ်သာသာလေး ပြုံးနေခဲ့ပြန်သည် ။
ပြီးတော့ ဒီ လည်း စကားဝိုင်းထဲမှာ ရှိနေရင်းက
ပထမဆုံးအကြိမ် ပြုံးမိတာ ဖြစ်လေသည် ။

"သူက မနှင်းဖြူလေးလေ  ဒေါက်တာ မှတ်မိတယ်မှလား"

"မမှတ်မိစရာ ရှိပါ့မလား
မနှင်းဖြူလေးက မွေးစကတည်းက အခုထိ ရုပ်မပြောင်းဘူးဆိုရင် တခြားသူတွေ ယုံကြမှာ မဟုတ်ဘူး "

ဒီနှင်း (ဒီနှင်း )Where stories live. Discover now