Poem

2.3K 189 12
                                    

မနွင္းျဖဴကို ရွာေဖြျခင္း

ထူးထူးဆန္းဆန္း
မနွင္းျဖဴ မရွိတဲ့ ဒီအရပ္မွာ နွင္းေတြက်ေနတယ္
နွင္းမႈန္ေတြၾကားထဲ မနွင္းျဖဴကို ေတြ႕ရမလားလို႔
အရင္လိုပဲ ျမဴနွင္းေတြၾကားထဲ လိုက္ရွာမိတုန္း

မနွင္းျဖဴဟာ
အျဖဴေရာင္ဆြယ္တာမ်ား ဝတ္ထားခဲ့ေလသလား
အျဖဴေရာင္ သိုးေမြးဦးထုပ္ ကိုပဲ ေဆာင္းထားတုန္းလား
လံုခ်ည္အေရာင္ေဖ်ာ့ေဖ်ာ့ကိုပဲ ဝတ္ထားေလသလား
က္ိုယ္ မနွင္းျဖဴကို ရွာမေတြ႕ဘူး 

ျမဴနွင္းျဖဴေတြၾကားထဲ ပန္းႏုေရာင္တစ္စြန္းတစ္စ
အဲ့ဒါ မနွင္းျဖဴရဲ႕ ပါးျပင္ေလးမ်ား ျဖစ္ေနမလား
နႈတ္ခမ္းရဲရဲေလးမ်ား ျဖစ္ေနမလား
ေမ်ွာ္လင့္ခ်က္ႀကီးနဲ႔ နွင္းေတာထဲ တိုးဝင္မိျပန္ေပါ့ ။

ကိုယ္ အရမ္းေအးေနၿပီ မနွင္းျဖဴ
ေက်းဇူးျပဳၿပီး စကားသံဝဲဝဲေလးနဲ႔ နႈတ္ဆက္ေပးမလား

ဆုပ္ကိုင္ထားတဲ့ နွင္းမႈန္ေလာက္ေလး ေမ်ွာ္လင့္ခ်က္က
ေနေရာင္ျခည္ရဲ႕ ၿဖိဳခြဲမႈေအာက္မွာ နွင္းမႈန္ေတြနဲ႔အတူ
အရည္ေပ်ာ္သြားခဲ့ေလရဲ႕ ။

မနွင္းျဖဴမရွိဘူး ။

မနွင္းျဖဴ ဟာ အျဖဴေရာင္ဆြယ္တာ နဲ႔ ဦးထုပ္ကို
အေရာင္ေဖ်ာ့ေဖ်ာ့ လံုခ်ည္နဲ႔ တြဲ ဝတ္မထားဘူး
ကိုယ္ ျမင္လိုက္တဲ့ ပန္းႏုေရာင္ တစ္စြန္းတစ္စကလည္း
မနွင္းျဖဴရဲ႕ ပါးျပင္ေလး မဟုတ္ခဲ့ဘူး

မနွင္းျဖဴ ဒီမွာ မရွိဘူး
ဟုတ္ပါရဲ႕
မနွင္းျဖဴကို သူ႔ေနရာကလြဲၿပီး
ဘယ္မွာမွ ရွာလို႔ေတြ႕မွာမဟုတ္ဘူး ။

Ars_97

( A/N : မင္းတို႔ Author လည္း ကဗ်ာေရးၾကည့္ခ်င္လို႔ 😶😶😶 )


Unicode

မနှင်းဖြူကို ရှာဖွေခြင်း

ထူးထူးဆန်းဆန်း
မနှင်းဖြူ မရှိတဲ့ ဒီအရပ်မှာ နှင်းတွေကျနေတယ်
နှင်းမှုန်တွေကြားထဲ မနှင်းဖြူကို တွေ့ရမလားလို့
အရင်လိုပဲ မြူနှင်းတွေကြားထဲ လိုက်ရှာမိတုန်း

မနှင်းဖြူဟာ
အဖြူရောင်ဆွယ်တာများ ဝတ်ထားခဲ့လေသလား
အဖြူရောင် သိုးမွေးဦးထုပ် ကိုပဲ ဆောင်းထားတုန်းလား
လုံချည်အရောင်ဖျော့ဖျော့ကိုပဲ ဝတ်ထားလေသလား
က်ိုယ် မနှင်းဖြူကို ရှာမတွေ့ဘူး 

မြူနှင်းဖြူတွေကြားထဲ ပန်းနုရောင်တစ်စွန်းတစ်စ
အဲ့ဒါ မနှင်းဖြူရဲ့ ပါးပြင်လေးများ ဖြစ်နေမလား
နှုတ်ခမ်းရဲရဲလေးများ ဖြစ်နေမလား
မျှော်လင့်ချက်ကြီးနဲ့ နှင်းတောထဲ တိုးဝင်မိပြန်ပေါ့ ။

ကိုယ် အရမ်းအေးနေပြီ မနှင်းဖြူ
ကျေးဇူးပြုပြီး စကားသံဝဲဝဲလေးနဲ့ နှုတ်ဆက်ပေးမလား

ဆုပ်ကိုင်ထားတဲ့ နှင်းမှုန်လောက်လေး မျှော်လင့်ချက်က
နေရောင်ခြည်ရဲ့ ဖြိုခွဲမှုအောက်မှာ နှင်းမှုန်တွေနဲ့အတူ
အရည်ပျော်သွားခဲ့လေရဲ့ ။

မနှင်းဖြူမရှိဘူး ။

မနှင်းဖြူ ဟာ အဖြူရောင်ဆွယ်တာ နဲ့ ဦးထုပ်ကို
အရောင်ဖျော့ဖျော့ လုံချည်နဲ့ တွဲ ဝတ်မထားဘူး
ကိုယ် မြင်လိုက်တဲ့ ပန်းနုရောင် တစ်စွန်းတစ်စကလည်း
မနှင်းဖြူရဲ့ ပါးပြင်လေး မဟုတ်ခဲ့ဘူး

မနှင်းဖြူ ဒီမှာ မရှိဘူး
ဟုတ်ပါရဲ့
မနှင်းဖြူကို သူ့နေရာကလွဲပြီး
ဘယ်မှာမှ ရှာလို့တွေ့မှာမဟုတ်ဘူး ။

Ars_97


( A/N : မင်းတို့ Author လည်း ကဗျာရေးကြည့်ချင်လို့ 😶😶😶 )

ဒီနွင္း (ဒီနှင်း )Where stories live. Discover now