8

2.9K 306 19
                                    

တရိပ်ရိပ် ပြေးနေတဲ့ ကားပေါ်ကနေ မြင်နေရတဲ့
ရှူခင်းတွေက လှလိုက်တာလို့ ဒီ တွေးနေရင်းက
ဒီလို ခံစားချက်မျိုး ဟိုးလွန်ခဲ့တဲ့ နှစ်များစွာက ရင်းနှီးခဲ့သလို ခံစားနေရပြန်သည် ။

"ဒီလေး .. ဟိုမှာကြည့် နီနီရဲရဲ အပင်လေးတွေ တွေ့လား
အဲ့ဒါ တောင်ဇလပ်ပန်းပေါ့ "

မေမေ လက်ညိုးထိုးပြတဲ့ ဘက်ကို လှမ်းကြည့်မိတော့
နီနီရဲရဲ ပန်းအဆုပ်လိုက်လေးတွေ ပွင့်နေတဲ့ အပင်တစ်ပင်
အဲ့အပင်ကို အရင်မမြင်ရခင် ကားရဲ့ ထိုအခြမ်းဘက်မှာ
ထိုင်နေတဲ့ မနှင်းဖြူရဲ့ မျက်နှာကို ဘေးတစောင်းမြင်နေရလေသည် ။

"လှလိုက်တာ" 

"အွန်း ဒီဒေသ ရဲ့ သင်္ကေတ လိုမျိုး ဖြစ်နေတဲ့
ပန်းအမျိုးအစားက လှနေမှ ဖြစ်မှာပေါ့ မဟုတ်လား "

မေမေ့ စကားကို ထောက်ခံချင်တာလား
တခြားတစ်ခုကို ပို လက်ခံလိုက်တာလား တစ်ခုခုပဲ
ဒီ သူ့အလိုလို ခေါင်းငြိမ့်လက်ခံလိုက်မိလျက်သား ။

ပြီးတော့
ဒီ့ဘက်က ကားပြတင်းပေါက်ကနေ ရှူခင်းငေးဖို့ထက်
ထို အလှအပတရားရှိရာအခြမ်းကိုသာ ငေးကြည့်လို့
အွန်း
တောင်ဇလပ်ပန်းတွေက အရမ်းလှတာပဲ ။

တောင်ကွေ့တွေအများကြီး ကျော်ဖြတ်နေခဲ့တာတောင်
ဒီ တို့သွားရမယ့် မြို့လေးကို မရောက်နိုင်သေး
မနှင်းဖြူ တို့မြို့က အဲ့လောက်တောင်ပဲ ဝေးသလား

မြို့အရိပ်အယောင်သာ မမြင်ရသေးတာ
တောင်ယာစပါးခင်းတွေတော့ ဖြတ်ကျန်ခဲ့လေသည် ။
လှေကားထစ်လိုအထစ်ထစ်လုပ်ထားတဲ့ စိုက်ခင်းက
ဒီ့အတွက် အထူးအဆန်း ငေးကြည့်ချင်စရာကောင်းနေသည်။
အခုချိန်က ရိတ်သိမ်းပြီးစမို့ ထင်ပါရဲ့ ရိုးပြတ်တွေက
ထိုးထိုးထောင်ထောင်
စိုက်ပျိုးပြီးကာစ စိမ်းလန်းနေမယ့် မြင်ကွင်းတွေ
ရင့်မှည့်တဲ့အချိန် ရွှေရောင်ဝင်းနေမယ့် စပါးခင်းကြီးကို
ဒီ မြင်ဖူးချင်လာသလိုလို

"မေမေ .  ဒီ တို့ ဘယ်လောက်ကြာကြာ နေမှာလဲဟင်"

"ဒီလေး မေ့နေတဲ့အရာကို ပြန်ရှာတွေ့ပြီးတဲ့အထိ "

ဒီနှင်း (ဒီနှင်း )Where stories live. Discover now