Part-2

39 3 0
                                        

" အယ် ... မိုးမခ အဲ့တာ ဘယ်သူလဲ "
" သူလား သူက ကျောင်းသားအသစ်တဲ့ "
" နာမည်ကရော 😍"
"ငါလည်း မသိဘူး "
"ကျွန် .... ကျွန်တော်က  မင်းခန့်ပိုင်ပါဗျ "
"အော် မိုးမင်း ပါလား "
" ဗျာ...."
"ကောင်မတွေနော် အသစ်လေးကို အေးအေးဆေးဆေးလေး ထားလိုက်ပါဟ"
"ဟုတ်သားပဲ နင်တို့ကလည်း "
"စစ်မှုး နင်ဝင်မပါနဲ့ ဘယ်လိုနေနေ နင် သူတို့မိုးမင်းကို သဘောတူတယ်မို့လား"
"တူတာတော့ တူတာပေါ့ ယမင်းရ"
"ဒါနဲ့ ကျွန်တော် ဖြတ်မေးပါရစေ ဘာတွေပြောနေကြတာလဲဟင်"
"aw.. ဘာမှမဟုတ်ပါဘူး မင်းနားမလည်ရင် ခနအသာနေ နောက်မှ ငါရှင်းပြမယ် ခုတော့ သွားထိုင်ရ
အောင် ငါ့ခြေထောက်နာနေပြီ "
"အေးအေး ဖြေးဖြေး "
         ကျွန်တော်လည်း အမှန်တမ်းပြောရရင် ယမင်းတို့ပြောတာကို မပယ်ချင်ဘူး ဘာလို့လဲဆိုတော့ မင်းခန့်ပိုင်က တကယ်လည်း ချောတယ်ဗျ သူက ရန်ကုန်ကပြောင်းလာတာဆိုတော့ မုံရွာမှာ အဆင်ပြေရဲ့လား မသိဘူး ။ သူက တကယ်စိတ်ဝင်စားစရာ ကောင်းတယ်ဗျ ။

         ( Bell သံ)

"wow နောက်ဆုံးတေ့ာ ကျောင်းဆင်းပြီ အမလေး ခါးညောင်းလိုက်တာ စစ်မှုးခန့် ဒီနေ့ ကျူရှင်ဖွင့်
လား"
"အေး "
"သွားတော့မယ်နော် ယမင်းတို့ရေ "
"အင်းအင်း"

           ကျွန်တော်နဲ့ စစ်မှုးက ဘုန်းစိုးထဲက ကျူရှင်မှာ ငယ်ငယ်လေးကတည်းက တက်လာတော့ မပြောင်းတော့ဘူး ။ ညနေက ဘုန်းစိုးကျူရှင်ကအပြန် ကျွန်တော် မင်းခန့်ပိုင် ကို တွေ့လိုက်တယ် ကားတစ်စီးပေါ်မှာ ကောင်မလေးချောချောလေးနဲ့ ကျွန်တော်သိတဲ့ မင်းခန့်ပိုင်မဟုတ်ပဲ တခြားတစ်ယောက်လို တည်တည်ငြိမ်ငြိမ်နဲ့ ၈ တန်းကျောင်းသားလို့တောင် မထင်ရဘူးဗျ ။ ဟော... သူကျွန်တော့်ကို တွေ့သွားပြီ ။ ဒါပေမဲ့ ဘာလို့ငိုချင်နေတဲ့ မျက်နှာပုံစံဖြစ်နေတာလည်း မသိဘူး ။ ကျွန်တော် စိတ်တွေတောင်ပူလာပြီ ။

"ဟျောင့် ...."
"......"
"ဟျောင့်"
"......"
"ဟျောင့် ငါ စစ်မှုးခန့် ခေါ်နေတယ်ကွ"
"အမ် .. အော် ... ဘာလဲ "
"ခုနက မင်းခန့်ပိုင်မဟုတ်ဘူးလား"
"အမ် ဟုတ်လား ငါ မသိလိုက်ဘူး"
       ကျွန်တော်အမှန်တော့ သေသေချာချာတွေ့လိုက်ပါတယ်။ ဒါပေမဲ့ လိမ်လိုက်တယ် ။ ဘာလို့ လိမ်မိလဲ ကိုယ့်ကိုယ်ကို တောင် မသိဘူး ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုတောင် လိမ်တတ်နေမိဗျ။ ကျွန်တော် စိတ်ထိန်းမှ ဖြစ်တော့မယ် ။ မဟုတ်ရင် နောင်ကျ မဖြစ်သင့်တာတွေ ဖြစ်ကုန်တော့မယ် ။

My Crush ❤️🧡💜💙💚💛🖤Donde viven las historias. Descúbrelo ahora