Part-10

9 1 0
                                        

နောက်နေ့မနက် မိုးသောက်ယံမှာ  မိုးမခတယောက်.
ရုတ်တရက် လန့်နိုးသွားပြီး သူ့ဘေးကို ချက်ချင်းကြည့်လိုက်လေတယ် ။ သူ့ဘေးက မင်းခန့်ပိုင် ကိုမြင်မှ စိတ်အေးသွားလေတယ် ။ သူ့အိပ်မက်ထဲမှာ မင်းခန့်က သူနဲ့ဝေးရာကို တိတ်တခိုးထွက်သွားတာရှာတယ်တဲ့ သူ့ကို မနှုတ်ဆက်ပဲနဲ့လေ ။
အင်း.....အဲ.....အား.........

suddenly a warmly sound  comes to Moemakha's hear. he thought that was from his hubby .... lol!! I mean from his friend !


"ဘာလားဟ"
"အမါ...."
"မင်း ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး ထတဲ့ပုံက အရမ်းကလေးဆန်တာပဲ"
"ငါလား သေချာ စဉ်းစားပါအကိုရယ် ကျွန်တော်က ကလေးဆန်တာလား ခင်ဗျားက ကလေးဆန်တာလား ဆိုတာ"
"အေးပါ ထားပါတော့...."
"ဘယ်နနာရီရှိပြီလဲ"
"၆:၀၀ ပဲ ရှိပါသေးတယ်"
"ဘာ.... ဒီနေ့ monday ဟုဘူးလား"
"အေး ဘာလို့လဲ"
"အဲ့ဆို ငါက ကျူရှင်ရှိတယ်လေဟ"
"သွားမနေနဲ့"
"ဘာလို့"
"ဆရာမက ဘုရားဖူးသွားတယ်တဲ့"
"ဟာ...ဟုတ်လား ပျော်လိုက်တာ"
"ပျော်တာခနထား .. ထတော့,.. မျက်နှာသစ် ရေချိုးတော့ သွား အပျင်းကြီးမနေနဲ့နော် ငါလည်း ပြင်လိုက်အုံးမယ်"
"အင်း "

နှစ်ယောက်စလုံးပြင်ဆင်ပြီး ၇:၃၀ ကျ စစ်မှုးခန့်လာခေါ်ပြီး သုံးယောက်စလုံးက တစ်လမ်းလုံး ဂိမ်းအကြောင်းပြောရင်းပဲ ကျောင်းကို ပျော်ပျော်ပါးပါးသွားကြတယ်လေ။ ကျောင်းရောက်တာတောင် သူ့တို့က ပြောလို့မပြီးနိုင် ။ မနေ့က အတူတူ ဂိမ်းဆော့ထားတော့ ပြောလို့မပြီးနိုင် ။ သူတို့နောက်ကျတာတောင် ယမင်းက မရောက်သေး ။သူတို့သုံးယောက်
က အူမြူးနေမှပဲ ယမင်းတစ်ယောက်က မှိုင်နေရှာတယ်။ စစ်မှုးတို့က သူ့ကို အိမ်က ပြသာနာ ဖြစ်လာတယ် လို့ထင်နေပေမယ့် ယမင်းတစ်ယောက်ရဲ့ တကယ့်ပြသာနာအရင်းက ဆေးထိုးခံခဲ့လို့ပဲ ဖြစ်လေတယ် ။ ပြီးတော့ မနေ့က ယမင်းတစ်ယောက် နေမကောင်းလို့ ဆေးခန်းသွားရ ဆေးထိုးရ ပြီးတော့ ဒီနေ့ကျတော့လည်း ဆေးထပ်ထိုးခံရတော့ ညစ်နေရှာတယ်လေ ။ ဒီခြားထဲ ဆရာဝန်က ဆေးထိုးရုံတင်မဟုတ်ပဲ သောက်ဆေးတွေ ပေးလိုက်
တော့ ယမင်းခမျာ ပိုဆိုးသွားလေတယ် ။

"ဟတ် ယမင်း"
(ဟတ် ဆိုသည်မှာ လူတစ်ကာကို မခေါ်သင့်ပါ Heart လို့ ဆိုလိုသည် )

My Crush ❤️🧡💜💙💚💛🖤Where stories live. Discover now