Part-6

20 2 0
                                        

ဆေးရုံအဆင်းမှာ သူတို့ နှစ်ဦးရဲ့ သံယောစဉ်တွေ တိုးလာပြီး တစ်ယောက်ဟာ တစ်ယောက်ရဲ့ အရေးပါတွေ ဖြစ်သွားကြတယ် ။ Happy new Year မှာ တုန်းကလည်း ညသန်းခေါင်ထိ ကြယ်တွေကို တူတူကြည့် တူတူသွား တူတူလာ ..အဲ့လိုနဲ့ပဲ သူတို့ရဲ့ First Know eachother ဖြစ်တဲ့ december လလေးဟာ ဒီလိုနဲ့ပဲ ပြီးဆုံးသွားခဲ့တယ်၊

"ဟင့် ဘာလိုလိုနဲ့ ကျောင်းတက်နေရပြီ "
"အေး ဟုတ်ပါ့ ပျင်းလိုက်တာ"
"ယမင်း နင် မင်းခန့်တို့နဲ့တွေ့သေးလား"
"မတွေ့ပါဘူး ဘာလို့"
"ဘာမှမဟုတ်ပါဘူးဟာ"
"စံပယ်နော် မရိုးဘူး နင်မြန်မြန်လိမ် နင်မင်းခန့်ကြိုက်နေတာလား"
"မဟုရပါဘူး"
"အမလေးဟယ် ကောင်မရယ် မဟုတ်ဘူးသာပြောနေတာ မျက်နှာကြီးက.."
"နင်ကလည်း...."
"ဒါနဲ့ နင်ရှလိမ့်မယ်နော် ကြိုက်မယ်ဆိုရင်လည်း သေချာစဉ်းစား"
"အေးပါဟ ငါလည်း ခုထိမသေချာသေးပါဘူးဟနင်ရော"
"ငါက သူ့ချစ်ရှာနေတာလေ"
"aw...အေးပါ"

ကျောင်းဖွင့်ပြီး နောက်ရက် အားကစားလုပ်ပြီး
ကျောင်းထပ်ပိတ်။ ကျောင်းပြန်မဖွင့်မီ တစ်ရက်အလို.....

(ကလင်...ကလင်.....ကလင်)
"ဟုတ် ဘယ်သူလဲ မသိဘူးဗျ"
"အော် စစ်မှုး ငါမင်းခန့်ပိုင်ပါ"
"ဟာ....ဒီအချိန်တောင်ရှိနေပြီ ဘာကိစ္စရှိလို့"
"မင်းကလည်း ၁၀:၀၀ p.m ပဲရှိသေးတာကိုကွာ... အကြောင်းက ဒီလိုကွ"
"အေး ပြော........."
"ရွှန်းလဲ့ ဖုန်းနံပါတ်လေးဖြစ်ဖြစ် ဝေယံဖုန်းလေး ဖြစ်ဖြစ် ရှိရင် ပေးပါလား"
"အေး နှစ်ယောက်လုံး ရှိတယ် ဘာလို့လဲ"
"အဲ့ဆိုလည်း နှစ်ယောက်လုံး ပေး လိုချင်လို့"
"ဘာရှိလို့ "
"လွမ်းလို့ ... မင်းကိုယ်က လေအရမ်းရှည်တာပဲ ဖုန်းနံပါတ်ပေးမလား ငါ မင်းဆီလာရမလား"
"လာခဲ့ ငါ့ဆီ ဒီမှာ မိုးမခလည်းရှိတယ်"
"ဘာမှလည်းမဆိုင် ဟျောင့် မင်းမနောက်နဲ့နော် ပေး"
"09........... and 09............ "
"ရပြီလား"
"အေး ကျေးဇူး ငါ့မိန်းမကို မထိနဲ့နော် ဒါပဲ"
"ဟျောင့်........ဘာတဲ့"
"............."

"ဟာကွာ ....ဖုန်းချသွားပြီ"
"ဘယ်သူလဲ"
"ဘယ်သူရှိရမှာလဲ မင်းကျားကျားပေါ့"
"ဟျောင့် ဖြစ်မဲ့ဖြစ် ငါက top ကွ"
"ဘာတဲ့... မင်းကွာ အဲ့တာ ငါနဲ့မဆိုင်ဘူးလေဟ ဒါနဲ့ မင်းက uke ပဲ bottom ပဲထိုင်ရမယ့်ကောင် "
"ဘာ.... မင်း အေး မှတ်ထား "
"မှတ်ထားတယ် "

My Crush ❤️🧡💜💙💚💛🖤Where stories live. Discover now