Part-15

9 0 0
                                        

   ထို bubble tea ဆိုင်ရှင်မမရဲ့ နာမည်က
သော်တာ တဲ့ ။ အဲ့မမက ဆေးကျောင်း ဒုတိယနှစ်ပဲ ရှိပါသေးတယ် ။ bubble tea သောက်ရတာ ကြိုက်လို့ဆိုပြီး မန္တလေးမြို့ရဲ့ထောင့်တစ်နေရာမှာ bubble ဆိုင် ဖွင့်ထားသူပါ ။ လူအရမ်းစည်တဲ့နေရာမှာ မဟုတ်ပေမဲ့ decoration ကောင်းပြီး အေးဆေးတဲ့နေရာမို့ ကျောင်းသူတော်တော်များများရဲ့ ကြိုက်
နှစ်သက်တဲ့နေရာပဲဖြစ်ပါတယ် ။ bubble tea ဆိုင်
ကို ပိုင်ထားတာတင်မကပဲ bubble tea ကောင်းကောင်း ဖျော်တတ်သူလည်း ဖြစ်ပါတယ် ။ မသော်တာက ယမင်းနဲ့ ဘုံဘုံရဲ့ အသည်းစွဲလည်း ဖြစ်ပါတယ် ။ ဘုံဘုံတို့ စိတ်ညစ်တဲ့ချိန် စိတ်တိုတဲ့
ချိန် စိတ်ရှုပ်တဲ့ချိန်တွေကျ မရှင်းသော်တာက သူတို့ကို ကောင်းကောင်း နားဝင်အောင်ပြောသူပါ ။
မရှင်းသော်တာက လှပသလို သူမရဲ့ စိတ်ထားကလည်း ရုပ်နဲ့ တစ်ထေရာတည်းပါပဲ ။ စကားပြောရင် လည်း နားဝင်ချိုပြီး အမြဲပြုံးနေတတ်သူပါ ။ မရှင်း
သော်တာက စိတ်ညစ်ရင်လည်း သူ့ကို စိတ်မညစ်
စေအောင် တစ်နည်းအားဖြင့် ပျော်အောင် ဘုံဘုံတို့က ပြန်လုပ်ပေးတယ် ။ မသော်တာက ယမင်းတို့အတွက်တော့ အရမ်းချစ်ရတဲ့ အစ်မပေါ့ ။မသော်တာက ဘယ်တော့မှ သူ့ privacy ကို မပြောတတ်သူဆိုပေမဲ့ ယမင်းတို့ကိုကျ တစ်ချို့အရာတွေပြောပြတတ်တယ် ။ မသော်တာကလည်း အမှန်ဆို fujo မမအကြီးစားပါ ။ သိပ်ပြီးမချေတတ်ပေမဲ့ ချေတယ်လို့ထင်ခံရသူပေါ့ ။
မသော်တာအကြောင်းကို ဒီလောက်ဆို သိလောက်
ပြီ ထင်ပါတယ်နော် အဲ့ကြောင့် နောက်ဘာဆက်ဖြစ်
မလဲဆိုတာ ကြည့်ကြတာပေါ့ ။

  ဘုံဘုံနဲ့ယမင်း မသော်တာဆီက ထမင်းလည်းစားပြီး bubble tea ယူသွား၍ကျောင်းပြန်ခဲ့တယ် ။ ညနေ လည်းရောက်ရော....

"အား... ညောင်းလိုက်တာ ... ယမင်း ဒီနေ့ဘယ်သွားမလဲ "
"ကိုကိုရယ် ဘယ်သွားရမှာလဲ အဆောင်ပြန်မယ်
လေ"
"ငါတို့အဆောင်က ၈:၀၀ မှပိတ်တာလေဟ ခုမှ ၄ ခွဲ ပဲရှိသေးတာကို"
"အဲ့ဆိုလည်း ညစာ သွားစားမယ်လေ "
"အစောကြီးပဲ ရှိသေးတာကို "
"ဘုံဘုံ နင်ဘယ်သွားချင်တာလဲ "
"ရတယ် နင်သွားချင်တဲ့နေရာ..."
"မသော်တာဆီသွားမယ် "
"မသော်တာဆီက နေ့လည်ကမှ သွားထားတာလေ "
"အဲ့ဆို ရုပ်ရှင်သွားကြည့်မယ် "
"၄ ခွဲကားမှ မရှိတာ "
"ဘုံဘုံ "
"ဗျာ...."
"ခင်ဗျားပြောတော့ ကျွန်တော်သွားချင်တဲ့နေရာ သွားမယ်ဆို "
"အင်းလေ ကိုယ်ဘာပြောလို့လဲ "
"ခုဘာလို့ ကျွန်တော် ဟိုသွားချင်တယ်ဆိုလည်းငြင်း
ဒီသွားချင်လည်း ငြင်းနဲ့ ဘာဖြစ်နေတာလဲ"
"ဟီး စတာပါ ... သဲကလည်း.... ကစားကွင်းသွားရ
အောင် "
"အစကတည်းက အဲ့လိုပြောပါ့လား "

My Crush ❤️🧡💜💙💚💛🖤Where stories live. Discover now