ဒီ January 10 ရက်ဆိုတာကြီးက သူတို့အတွက် ပျော်စရာကြီး ဖြစ်ခဲ့လေတယ် ။ မင်းခန့်လည်း မိုးမခဆီက အဖြေမရသေးပေမယ့်လည်း ... သူ့
ကလေးကို အမြဲဂရုစိုက်တတ်သူကြီး ။ နောက်ဆို မင်းခန့် နာမည်ကို ပြောင်းခေါ်ရတော့မယ် ထင်တယ်။ အဲ့နေ့ညကလည်း ရီလိုက်မောလိုက်စားလိုက်နဲ့ နှစ်ယောက်လုံး အိပ်ပျော်သွားကြတယ် ။
(သတိပေးချက်- လှေ ျာက် မတွေးကြနဲ့နော် ဒါဒါလေးတို့ ... အိပ်ပြီဆိုတာနဲ့ ဟိုဟာ ဟုသေးဘူးနော်)
မနက်ကျမိုးလင်းတော့ မင်းခန့်တစ်ယောက် နိုးနိုးချင်း သူ့လက်ပေါ်မှာအိပ်မောကျနေတဲ့ မိုးမခကို ကြည့်ပြီး ပြုံးနေရှာတယ် ။ ခနလောက်နေတော့ မိုးမခလည်း နိုးလာပြီး .....ကမ္ဘာကြီးလည်း သာလိကာ တစ်ယောက်ကြောင့် ဆူညံသွားလေတယ်
"မင်း ဘယ်ချိန်ကတည်းက နိုးနေတာလဲ"
"ခနကပါ မကြာသေးဘူး မင်း အိပ်ရေးဝရဲ့လား"
"အေး ဝပါတယ် ... အိပ်ရေး.... ဒါနဲ့ ဘယ်ချိန်ရှိပြီလဲ"
"အစောကြီးရှိသေးတာ"
"ဘယ်လောက်လဲ"
"5:30 a.m"
"really??"
"ခုမှ အဲ့လောက်ပဲရှိသေးတာလားဟ "
"အေး ဘာလို့လဲ"
"အဲ့ဆို ငါပြန်အိပ်တော့မယ်"
"ဘာတဲ့ ခုမှ ထပြီး ပြန်အိပ်မယ်လား မအိပ်နဲ့ ထ ရေချိုး မုန့်သွားစားမယ် "
"ဆောင်းရာသီ ဒီအချိန်ကြီး ဘယ်သူက ရေချိုးမှာလဲဟ လေဖြတ်သွားမှာပေါ့"
"မင်းလေဖြတ်ရင် ငါတစ်ယောက်လုံး မင်းဘေးနားမှာ ရှိပါသေးတယ်ဟ"
"မရဘူး မချိုးဘူး"
"အေးပါ အိပ်ပုတ်လေးရယ် မချိုးချင်လည်း မျက်နှာသွားသစ်"
"အင်းပါ..."
မိုးမခ မျက်နှာသစ်စဉ် မင်းခန့်တစ်ယောက်မှာတော့ သူ့ကလေး မလုပ်ရအောင်လို့ဆိုပြီး စောင်တွေ
ခေါက် အိပ်ယာကိုလည်း သန့်နေအောင်လုပ် သူ့
ကလေးအတွက်ဆိုပြီး တဘက်ရော အကျီ်အသစ်
လည်း ထုတ်ပေးနဲ့ကို အလုပ်ရှုပ်နေရှာတာ...
"ဟျောင့် ငါပြီးပြီ ဟာ... ဒါငါ့အတွက်လား"
"အေးပေါ့ကွ .....ငါသွားတိုက်တံ...."
"ငါ့ဟာနဲ့တိုက်လိုက်"
"မဖြစ်ဘူးလေဟ တိုက်လိုက် ဘာမှမဖြစ်ဘူး"
"အေးပါ "
မင်းဟာလေ ဘယ်လိုတောင် ချစ်ဖို့ကောင်းတာလဲ မင်းခန့်ပိုင်ရယ် ။ ငါလည်း မင်းကို မချစ်ရဲသေးလို့ပါကွာ ။ ငါက ငါ့အမေရော မင်းအဖေအတွက်
ရော စိတ်ပူနေရတာကွ။ ငါမင်းကို လက်မခံနိုင်
သေးတဲ့အတွက် တောင်းပန်ပါတယ်ကွာ။ ပြီးတော့ မင်း အခုဟာလည်း စိတ်ကူးရင်ပဲ နေမှာပါလေ ။ ငါ စိတ်လေတယ်ကွာ ။
YOU ARE READING
My Crush ❤️🧡💜💙💚💛🖤
Romanceမင်မင်ကို အားပေးကြပါနော် မင်မင် မှား င်လည်း ဝေဖန်ပေးကြပါ အမြဲအားပေးတဲ့သူတွေအတွက်လည်း မင်မင်မှာ လက်ဆောင်ရှိပါတယ် အကောင်းဆုံးကြိုးစားသွားပါ့မယ် Best wishes for all my fans 🧡💛💜💙💚❤️🖤
