စစ်မှုးနဲ့ ယမင်းတို့ရဲ့ ရင်ခုန်သံ......
ကျောင်းဆင်းပြီး စစ်မှုးအိမ်အပြန်...
"အား... ဦးကြီး ဘာလို့ကားကို ရုတ်တရက် ရပ်လိုက်တာလဲ "
"သား ... ဦးကြီး တောင်းပန်ပါတယ်ကွယ် ခုက ကျောင်းဆင်းချိန်ဆိုတော့ ကျောင်းသူ ကျောင်းသားတွေနဲ့ လမ်းရှုပ်နေလို့ "
"ဟုတ် ရပါတယ်ဗျာ နဖူးလေးနာသွားရုံပဲ ရှိတာပါ ဦးကြီးရယ်... ဒါနဲ့ သားက အခု hotel မှာနေရမှာလား အိမ်မှာလား"
"ခုတော့ hotel မှာပေါ့ သားရယ်.. မင်းအဖေနဲ့အမေက ရန်ကုန်ကို ခနသွားကြတယ်"
"ဒါနဲ့ သားခနနေ ယမင်းကို သွားတွေ့ချင်လို့ "
"ဘာနဲ့သွားမှာလဲသား ကားလား စက်ဘီးလား ဆိုင်ကယ်လား "
"ဆိုင်ကယ်နဲ့ပဲ သွားတော့မယ်"
"အေး ကွယ် ပြီးတာပါပဲ "
"ဟုတ်ကဲ့ဗျာ"
hotel ရောက်တော့ စစ်မှုး သူ့အခန်းသူ ပြေးပြီး ရေချိုးမယ် လုပ်မယ်ကြံ
"အား..........😱😨😰😥😓"
"ဘာ...ဘာဖြစ်တာလဲ သူေဋ္ဌးလေး "
"ငါ့ရေချိုးခန်းထဲမှာ ပိုးဟပ်ကြီး ဝင်နေတယ်"
"သူေဋ္ဌးလေးကလည်း ဒီပိုးဟပ်လေးကိုများ"
"ငါ ပိုးဟပ်ကြောက်တာ မင်းတို့ကို သူေဋ္ဌးကြီးက မပြောထားဘူးလား"
"ပြောထားပါတယ်ရှင့် ကျွန်မ အခုပဲ ဖယ်လို်ကပါ့မယ် "
after 1 min later..,
"ရပါပြီ သူေဋ္ဌးလေး"
"အလျင်လိုပါတယ်ဆိုမှ နောက်ကျတော့မှာပဲ သွားလို့ရပြီ "
"ဟုတ် သူေဋ္ဌးလေး "
စစ်မှုးလည်း ယမင်းကို ဒီနေ့ဖွင့်ပြောမယ်ဆိုတော့ ပြင်ရဆင်ရတာတွေနဲ့ အလုပ်ရှုပ်နေ ။ စစ်မှုးတစ်ယောက်ကလည်း ၅ တန်းကတည်းက ကြိုက်လာတာ ခုဆို ဖွင့်ပြောရမယ်ဆိုတောင် စိတ်တွေခုန်တာပေါ့ ။ သူခမျာ သနားစရာ ပြောချင်တာတောင် မပြောရဲတဲ့ဘဝ။ ဒါပေမဲ့ စစ်မှုးသိပါတယ် ယမင်း ပြန်မချစ်ဆိုတာကိုပေါ့ ။ ယမင်းဆိုသည်မှာလည်း ဘယ်လိုပဲကလေးဆန်ဆန် သူကိုယ်တိုင် ချစ်ရတော့မယ်ဆိုရင် အသက်ပြည့်မှရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြီးရှိလေတယ်။
ဒါနဲ့ ကြားဖြတ်ယမင်း Intro
{အမည်- ရွှေယမင်း
အသက်-၁၄နှစ်
uke တို့ရဲ့ မား • Army fan girl• cele in LGBT supporter• Author• a beautiful girl •
မွေးနေ့ - 5, April, 2006
အတန်း-၈တန်း }
ယမင်းဆိုသည်မှာလည်း မိန်းကလေးတစ်ဦး ဖြစ်သည့်အတွက် blind date ရမယ်ဆိုတော့ အယ် မှားလို့ blind မဟုတ်ဘူး date with best friend ဆိုတော့ အလှတွေဘာတွေပြင် အဝတ်အစားတွေဘာတွေရွေးနဲ့ အလုပ်ရှုပ်နေရှာတယ်။ ဆံပင်အရှည်ကြီးကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင်သေချာစည်း ပြီး ဂါဝန် အပြာရောင်လေးဝတ် လွယ်အိတ်လေးကိုလွယ် ဖုန်းလေးကိုထည့် ဖေဖေ့ဆီက မုန့်ဖိုးတောင်း မေမေကို ပြောသွား သိုင်းကြိုးပါတဲ့ ရှူးလေးဝတ်
အိမ်ကနေ တက္ကသိုလ်ကို ဦးလေးအားပို့ခိုင်း၍ ထိုလမ်းထောင့်က မုန့်ဆိုင်မှာ စစ်မှုးကိုတွေ့လေတယ် ။ ထိုစဉ် စစ်မှုးကလည်း အပြာရောင် ရှပ်နဲ့ ဂျင်းဘောင်းဘီအနက် ဝတ်ထားသည်ကို မြင်ပြီး ယမင်း အံ့ဩသွားလေတယ်။
"ဟယ်... နင်လည်း အပြာရောင်ပဲလား"
"အေး ငါ့ fav က အပြာရောင်လေ"
"ထူးထူးဆန်းဆန်း အရောင်တွေထပ်နေတယ် "
"ဟုတ်ပါ့ ဒါနဲ့ နင် ပန်းစည်းကို ဘာလို့ပြန်ယူလာတာလဲ"
"ပန်းစည်းက လိုရင် အသုံးပြုဖို့ပေါ့ဟ"
"အော် ဟုတ်ပါပြီ "
"အဲ့ဆို ဘယ်မှာစားမလဲ"
"ကြုံရာ အကုန်စားမယ်လေ "
"အေး မဆိုးဘူး ဒါနဲ့ ဝက်သားဒုတ်ထိုး နင်ကြိုက်လား"
"နင် မေးစရာလိုလို့လား ငါ ဘယ်တုန်းက နင့်ကို ငြင်းဖူးလို့လဲ"
"အဲ့ဆို ဝက်သားဒုတ်ထိုးဆိုင် ရှာရအောင် "
"အေး ဟုတ်ပြိီ"
YOU ARE READING
My Crush ❤️🧡💜💙💚💛🖤
Romanceမင်မင်ကို အားပေးကြပါနော် မင်မင် မှား င်လည်း ဝေဖန်ပေးကြပါ အမြဲအားပေးတဲ့သူတွေအတွက်လည်း မင်မင်မှာ လက်ဆောင်ရှိပါတယ် အကောင်းဆုံးကြိုးစားသွားပါ့မယ် Best wishes for all my fans 🧡💛💜💙💚❤️🖤
