" မိုးမခ မင်း ငါ့ကို အထဲဝင်ပါအုံးလို့တောင် မပြောတော့ဘူးလား"
" အေးပါကွာ မုန့်ဟင်းခါး ချိုင့် လဲစရာရှိလား "
(note: အမလေးနော် သူ့မိန်းမမှန်း သိတော့ လုပ်ပေးချင်နေလိုက်တာ )
" လာ ဧည့်ခန်းထဲ ဝင်ခဲ့ "
" အင်း "
" ပေးချိုင့် "
" မင်း လဲတတ်လို့လား မီးဖိုချောင် ဘယ်မှာလဲ "
" ရပါတယ် ငါလဲမယ် ပေး "
" အဲ့ဆိုလည်း သေချာလဲနော် "
မိုးမခ ဆိုသည်မှာလည်း မလဲချင်ပေမယ့် မူပြီး လဲနေရသူ ။
မလဲချင်ဘူးသာပြောတာ ချိုင့်တောင် ဆေးပေးနေလိုက်သေးတယ် ။
" ဟုတ်သားပဲ မင်းခန့် "
"ဗျာ...."
( သူက ငါ့ကို မင်းခန့်တဲ့လား )
" မင်း မနေ့က ဘာလို့ ဘုန်းစိုးထဲမှာရောက်နေတာလဲ " အင်း ငါ့မေမေနဲ့ မုန့်သွားစားတာ"
" အမ်... ဟုတ်လို့လား"
" ဟုတ်ပါတယ်ဟာ့ ဘာလို့လဲ "
" မင်းမေမေက ငယ်ငယ်လေးနော် ငါတောင် တမျိုး
တွေတွေးတဲ့ထိကို ငယ်တယ်နော် "
"အေး ငါ့မေမေက ခု ၃၀ ကျော်ပဲရှိသေးတာဟ ဖေဖေက ငယ်ငယ်လေးကို ယူထားတာလေ "
"အော် ဟုတ်လား "
" မင်းအခု ဘယ်မှာနေတာလဲ "
"အိမ်မှာလေ "
"ဘေးအိမ်က ဟာက မင်းလား "
"အေး "
" စစ်မှုးရော "
ငါ့မြင်ပြီး ငါနေကောင်းရဲ့လား တစ်ခွန်းမမေးပဲ စစ်မှုးဆီရောက်နေတယ်
" ဟျောင့် ..."
"အမ် ... အော် သူခနနေ လာမှာ ငါ့တို့ ocean သွားမလို့ လိုက်အုံးမလား"
"စက်ဘီးနဲ့လား "
"အေးပေါ့ဟ "
"စတာပါကွာ မင်းမျက်နှာက ဘာဖြစ်နေတာလဲ "
" အေးပါ လိုက်ချင်ပေမယ့် .... စက်ဘီးနဲ့ဆိုတော့ .."
" မင်းကလည်း ဒီကနေ Ocean ထိ စက်ဘီးနဲ့သွားမလားဟ စစ်မှုး အိမ်က ကားနဲ့ သွားမှာ "
" အင်း အဲ့ဆို လိုက်မယ်လေ ဘယ်တော့လဲ "
" ၁:၀၀ လောက်ကျ "
"ခုတောင် ၁၁:၀၀ ရှိပြီ အဲ့ဆို ငါအိမ်ပြန်တော့မယ် မင်းလည်းပြင်တော့ "
" ငါတို့က ယွကျားလေးတွေပဲ ပြင်စရာမှမလိုတာကွာ "
" ဒါပေမဲ့လည်း ခန့်ခန့်ညားညားလေးတွေ ပြင်သင့်တာပေါ့ကွ "
" အေး အဲ့ဆိုလည်း ပြန်တော့လေ "
"အေး တာ့တာ "
မင်းခန့်တစ်ယောက်လည်း အိမ်ရောက်ရောက်ချင်း ရေမြန်မြန်ချိုး ပြီး ဘာအကျင်္ီဝတ်ရမလဲ အခက်ကြုံနေရှာတယ် ။ မိုးမခ ရှေ့မှာ တည်တည်ကြည်ကြည်ပဲ ဝတ်ရမလား free style ပဲ ဝတ်ရမလား အခက်တွေ့နေတယ် ။ ကြည့်ရကောင်းအောင် အဖြူရောင် အကျင်္ီလေးနဲ့ လိမ္မာမဟုတ် အဝါမဟုတ် ပုဆိုးလေးပဲ ဝတ်လေတယ် ။
YOU ARE READING
My Crush ❤️🧡💜💙💚💛🖤
Romanceမင်မင်ကို အားပေးကြပါနော် မင်မင် မှား င်လည်း ဝေဖန်ပေးကြပါ အမြဲအားပေးတဲ့သူတွေအတွက်လည်း မင်မင်မှာ လက်ဆောင်ရှိပါတယ် အကောင်းဆုံးကြိုးစားသွားပါ့မယ် Best wishes for all my fans 🧡💛💜💙💚❤️🖤
