"ယမင်း"
"အေး ပြော .. ဟိုမှာ ဝက်သားဒုတ်ထိုးဆိုင်ပဲ"
"ဘာရပ်နေတာလဲ သွားမယ်လေ "
"အင်း "
   စစ်မှုးနဲ့ ယမင်းတို့ ဝက်သားဒုတ်ထိုးဆိုင်တွင်
"ယမင်း "
"ငါနာမည်ကို တော်တော်ကြိုက်နေလား"
"နင့်နာမည်တင်မဟုတ်ဘူး နင့်ကိုပါကြိုက်တယ် မဟုတ်သေးဘူး နင်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို ငါကြိုက်တယ်ဟာ "
"ရှူး...တိုးတိုးပြောဟ ဆိုင်ထဲကို "
"ဘာဖြစ်လဲဟာ ငါ စိတ်ထိန်းလို့မှမရတော့တာ အဲ့ကြောင့်ပြောတာ ငါနင့်ကို ၅ တန်းကတည်းက 
ကြိုက်လာတာ နင်လည်း သိရက်သားရဲ့ ဘာလို့ ငါ့ကို ခုမှလာတားနေတာလဲ"
"ရေနွေးကြမ်းသောက်ပြီး မူးနေတဲ့ အမူးသမားကြီးရယ် တော်ပါတော့ တိုးတိုးပြောပါ ဒါနဲ့ ဘယ်သူက နင့်ကို တားနေလို့လဲ"
"နင်လေ... အမ် အဲ့ဆို နင်ပြောတာ နင်က မတားဘူးပေါ့လေ"
"ငါ နင့်ကို ဘယ်တုန်းက တားဖူးလို့လဲ"
"အေး ဟုတ်သားပဲနော် "
"စားပြီးပြီမို့လား"
"အေး အဲ့ဆို ပိုက်ဆံရှင်းလိုက ်မယ် "
"ငါရှင်းမယ် နင်စောင့်နေ "
"အေး အဲ့ဆိုလည်း ပြီးတာပဲ"
                                စစ်မှုးဆိုင်ထဲကအထွက်
"ယမင်း ငါနင့်ကို ဆိုင်ကယ်နဲ့ လိုက်ပို့မယ်လေ နင်ဘယ်သွားချင်လဲ"
"အင်.... ကံသာယာသွားမယ်လေ"
"အေး တကယ်သွားချင်လို့လား "
"Haiiiiiiii......"
"အဲ့ဆိုလည်း လိုက်ပို့ပေးမယ်လေ "
     
   စစ်မှုးဆိုင်ကယ်ပေါ်အတက် 
"စစ်မှုး "
"အေး ပြော"
"ငါ ဆိုင်ကယ်ဦးထုပ်မဆောင်းတတ်ဘူး"
"နင် က မဆောင်းတတ်ဘူး ဟုတ်လား"
"အင်း အဲ့တာ..."
"ဟုတ်ပါပြီခင်ဗျာ ကျွန်တော်ပဲ ဆောင်းပေးမယ်နော်"
  စစ်မှုး ယမင်းအတွက် သီးသန့်ဝယ်ထားတဲ့ အပြာရောင်ဆိုင်ကယ်ဦးထုပ်လေးနဲ့ ယမင်းက မပြောတတ်အောင်ကို လှပလွန်းသွားလေတယ် ။ စစ်မှုးက ဆိုင်ကယ်သာမောင်းနေတာ ခုထိ လိုင်စင်မရှိသေးတော့ တစ်ချို့ မီးပွိုင့်တွေကျ စစ်မှုး မသွားပဲ လမ်းကြားတွေကသာ ရှောင်သွားရရှာတယ် ။ တစ်နည်းအားဖြင့် မော်တော်ပီကယ် မရှိတဲ့နေရာတွေကနေ သွားရတယ် ဆိုပါတော့ ။ 
  စစ်မှုး ယမင်းကို ဆိုင်ကယ်ဦးထုပ်ဆောင်းပေးနေစဉ်အပြီး မှာ သူတို့နှစ်ယောက်အတွက် လောကကြီးက ခနတာ တိတ်ဆိတ်သွားလေတယ် ။ ထိုအချိန်က သူတို့နှစ်ယောက် အကြည့်ချင်းတွေစုံပြီး .....
ခနအကြာတော့ ယမင်းက   ရှက်လာပြီး ဟိုဘက်
လှည့်၍သာ နေလေတယ်။ ထိုအခိုက်...
"ယမင်း နင်ဘာဖြစ်လို့လဲ ပါးတွေနီလာတာလဲ မဟုတ်မှလွဲ ...."
"မဟုတ်မှလွဲ က ဘာတုန်းဟ"
"နင် ငါနဲ့ eye contact ဖြစ်သွားလို့ ရှက်နေတာမို့လား"
"ဖြစ်ရမယ်ရှိသေး အားအားယားယား ...သွားမယ် ဒါနဲ့ အချိန်တွေကြာကုန်မယ် "
"ဟုတ်ပါပြီဟာ "
   နှစ်ယောက်လုံးအတွက် ကံသာယာသွားတဲ့ လမ်းတစ်ေ လှျာက် မှာ မမေ့နိုင်တဲ့ memories တွေ ဖြစ်ခဲ့
ပြီလေ ။ တစ်လမ်းလုံးကို သူတို့နှစ်ယောက်ရဲ့ ရီမော သံတွေနဲ့သာ ပြည့်နှံ့နေပြီး ။ ကံသာယာရောက်တော့လည်း သူတို့ရီရီမောမောသာ ရှိလေတယ် ။
                                      
                                  
                                              ESTÁS LEYENDO
My Crush ❤️🧡💜💙💚💛🖤
Romanceမင်မင်ကို အားပေးကြပါနော် မင်မင် မှား င်လည်း ဝေဖန်ပေးကြပါ အမြဲအားပေးတဲ့သူတွေအတွက်လည်း မင်မင်မှာ လက်ဆောင်ရှိပါတယ် အကောင်းဆုံးကြိုးစားသွားပါ့မယ် Best wishes for all my fans 🧡💛💜💙💚❤️🖤
