နောက်နေ့မနက် ...
ကျွန်တော်( မိုးမခ နေ့ညက ကောင်းကောင်းမွန်မွန်အိပ်မပျော်ခဲ့ဘူးဗျ
မနက် ၅:၀၀ ကတည်းက နိုးနေတာ။ မနေ့ညနေက ကိစ္စကြောင့်ရော မနက်က သူ့ pose တစ်ခုကြောင့်လဲ ပါတယ်ဗျ ။ Pose မှာ ရေးထားတာက
( မင်းကို တွေ့ပေမယ့် မနှုတ်ဆက်နိုင်ခဲ့ဘူး )
တဲ့ ကျွန်တော်လည်း လန့်သွားတာပေါ့ဗျ ။ ငါ မိုးမခ သူများကြိုက်နေတာလားလို့တောင် ကိုယ့်ကိုယ်ကို တွေးနေမိတာ ဗျ ။ သူတော့မသိ ကျွန်တော်တော့ အဲ့စကားလေးတစ်ခွန်းကြောင့်ပဲ အတွေးအမျိုးမျိုးဝင်လာတယ်ဗျ ။
ထိုစဉ် မင်းခန့်ပိုင်က
ဟာ... မိုးမခနဲ့ စစ်မှုးခန့် ပါလား ငါသွား ဟာ မဖြစ်သေးပါဘူး မနှုတ်ဆက်သေးဘူး ငါ့အခု အခြေအနေတွေ သိရင် သူတို့ ငါ့ကို ခင်ချင်မှာ မဟုတ် လောက်တော့ဘူး ။ ဒါနဲ့ သူတို့က ဘာလုပ်လုပ်ကြတာလဲ ဒီကို ။ ပြီးတော့ သူတို့ကြည့်လိုက်တိုင်း တပူးပူးတတွဲတွဲနဲ့ဆိုတော့ ဧကံန ရည်းစားနေလား မသိဘူး ။ မဖြစ်ဘူး ငါမျက်နှာလွဲသွားရမယ်။
မင်းခန့်ပိုင်တစ်ယောက် အိမ်ရောက်တော့လည်း.
ဟာ အိပ်လို့လဲမရဘူး ။ ငါ ဘာတွေ ဖြစ်နေတာလဲဟ ။ မေမေဆီက ဘာမီတွန်တောင်းအုံးမှ ။ ဒါနဲ့ မေ့နေလိုက်တာ ကျွန်တော်က မင်းခန့်ပိုင်ပါ။ ကျွန်တော့်
မှာ မေမေနဲ့ဖေဖေပဲ ရှိပါတယ်။ ညီလေးနဲ့ ညီမလေးက အရင် တစ်ပတ်ကပဲ ကျွန်တော့်ကို နှုတ်ဆက်
သွားပါတယ် ။ ပြီးတော့ မေမေကြောင့် ဒီမုံရွာကို ရုတ်တရက် ပြောင်းလာရတာပါ ဖေဖေကတော့ ရန်ကုန်မှာ ကျွန်တော်က မေမေနဲ့ နေမှ အဆင်ပြေတာလေ ။ ပြီးတော့ ဖေဖေက အဖေအရင်း မဟုတ်
ဘူး ။ အဲ့ဆိုတော့ မေမေနဲ့ပဲ လိုက်နေတာ ။
" မေမေ ???"
"အေး သား ဘာလိုလို့လဲ "
" သား ဘာမီတွန် လိုချင်လို့"
"ဘာလို့လဲ သားရဲ့ "
" အိပ်မပျော်လို့ "
" သားကလည်း အိပ်ဆေးမသောက်ပါနဲ့ မေမေ ချော့သိပ်ပေးမယ် လာ "
" အင်.... ရတယ် ငါ ၈ တန်းတောင် ရှိနေပြီကို ဘာမီတွန်ပဲပေး "
" အဲ့ဆိုလည်း သီချင်းအေးအေးလေး နားထောင်ပြီးအိပ် ။ ဘာမီတွန်က အိပ်ဆေးလေသား မအိပ်ပဲ မနက်အစောကြီးထရင် သား ဦးနှောက် ကြည်မှာ မဟုတ်ဘူး သားရဲ့ "
" ဟုတ် အဲ့ဆိုလည်း သားဒီအတိုင်းပဲ အိပ်တော့မယ်"
ဟင့် မေမေကလည်း ကိုယ့်သားလေးကို ။ ဟာ.... ( သက်ပြင်းချသံ) ။ တော်ပြီ လိုင်းပဲ သုံးတော့မယ် ။ ဟင် မိုးမခတဲ့လား ။ မိုးမခက Fb သုံးတယ်လား သူ့ acc add လိုက်အုံးမှ ။ မဖြစ်ဘူး ။ မ add သေးဘူး ။ ဟာ... ငါဘာတွေတွေးနေတာလဲ ။ မသိတော့ဘူးကွာ အိပ်တော့မယ် ။
တီးတောင် ( bell မြည်သံ )
ငါ့နှယ်နော် မနက်အစောကြီးကို စိတ်ပျက်ပါတယ်ဟာ ။
" ဘယ်သူလဲ "
" ကျွန် .... ကျွန်..... တော်က ဟိုးဘက်အိမ်က အသစ်ပြောင်းလာတာပါ မေမေက အိမ်သစ်မို့လား မုန့်ဟင်းခါးပို့ခိုင်းတာပါ "
"အေး အေး သိပြီမို့ လာပြီ "
စိတ်ညစ်ပါတယ်နော် ကျောင်းက ပိတ်ပါတယ်ဆို ကောင်းကောင်းမအိပ်ရဘူး ဟုတ်သားပဲ ဒီနေ့ chirstmas နေ့ပဲ ငါ လိုင်းပေါ်ကြည့်အုံးမှ ။
( 10 minutes later )
" အိမ်ရှင်တို့ "
ဟာ ဟုတ်သားပဲ။ ငါ ဝါးတီးဖို့လာပို့တာ ။ သွားယူရမယ် ။ မေ့နေလိုက်တာနော် ။ နေအုံး မျက်နှာသစ်ရအုံးမယ် ။
" ခနနော် လာပြီ "
( next 10 minutes later )
ဟာ စိတ်ညစ်လိုက်တာနော် မိနစ် ၂၀ တောင် ရှိပြီ ဘယ်သူမှလဲ ထွက်မလာသေးဘူး ။ တောက် ...။
တစ်နေကုန် ဒီအိမ်ရှေ့ရပ်နေရင် မဖြစ်သေးဘူး ။ ငါ ထပ်ခေါ်အုံးမှ ။ Chirstmas day မှာ ပညာပြခံနေရတာလားမသိ ။ အထဲဟာလေး ထွက်လာမှ တွေ့မယ် ။ 😡🤬
( note: မင်းခန့်ပိုင် တစ်ယောက်မသိရှာဘူး အထဲက သူ့မိန်းမ ရှိတယ် ဆိုတာကို မင်မင်တော့ ညစ်ပါတယ်နော် )
" အိမ်ရှင်တို့ "
" လာပြီ "
မင်းခန့်ပိုင် စိတ်ထဲဝယ် - လာပဲလာတော့ တော်တော့တယ် ။
မင်းခန့်ပိုင် ကြုံးဝါးလို့ ကောင်းနေစဉ် အသံတိုတိုးလေးဆီက
" sry နော် မျက်နှာသစ်တာကြာသွားလို့ "
" အော် ဟုတ် "
" ဟာ မင်း "
"မင်းက ဘယ်လိုဖြစ်ပြီ္း "
"မင်းတို့က ဘာလဲ ဘေးအိမ်က လူသစ်တွေလား "
"အေး မင်းက ဒီအိမ်ကလား "
"အေး ဟုတ်တယ် "
"အိမ်နီးချင်းဆိုတော့လည်း မဆိုးပါဘူး စာတူတူလုပ်လို့ရလား "
"အေး အားရင် အလည်လာလေ အိမ်မှာ ညမလေးရယ် မေမေရယ် ငါရယ်ပဲရှိတာ"
"အော် အေး ဒါနဲ့ စစ်မှုးက မင်းနဲ့နေတာဟုတ်ဘူးလား "
"ဟုတ်ပါဘူးဟာ သူက ငယ်ငယ်ကတည်းက သိတာမို့ ငါ့ရဲ့ bogyguard လေ "
"အော် အေးပါကွာ "
:):(:):(:):(:):(:):(:):(:):(:):(:):(:):(:):(:):(:):(:):(:):(:):(:):(
ဒါဒါလေးတို့ရော !! အဲ့ ထွက်လာတဲ့ တစ်ယောက်က ဘယ်သူဖြစ်မယ်ထင်လဲ ။ Hint အကြီးစားကြီးပေးသွားတယ်နော် ။ မှန်ရင် ရည်းစားစကား လာပြောမယ် ။ ဟီး ။ မင်မင်က တွေးရတာ ကြိုက်လို့ ဒါဒါလေးတို့ကို စကြည့်တာနော် .....
ဒါနဲ့ fic အရ Chirstmas နေ့က ဒီနေ့ဖြစ်သွားတယ် ၊ ဘယ်လိုနေနေ မနေ့ကအတွက်ရော ဒီနေ့တွက်ရော
Happy Merry Chirstmas 🤗🤗🥰😍🎄💐☃️
YOU ARE READING
My Crush ❤️🧡💜💙💚💛🖤
Romanceမင်မင်ကို အားပေးကြပါနော် မင်မင် မှား င်လည်း ဝေဖန်ပေးကြပါ အမြဲအားပေးတဲ့သူတွေအတွက်လည်း မင်မင်မှာ လက်ဆောင်ရှိပါတယ် အကောင်းဆုံးကြိုးစားသွားပါ့မယ် Best wishes for all my fans 🧡💛💜💙💚❤️🖤
