နောက် ငါးနှစ်ကြာသော် After 5 years later ...
ဆောင်းရာသီအစ မနက်ခင်းလေးမှာ မန္တလေးမြို့ရဲ့နေရာတိုင်းမှာ မြူတွေနဲ့ ပြည့်နှံနေတယ် ။ မနက် ၆:၀၀ လောက်လည်းကျတော့ နေကြီးဟာရောင်နီဖြာလျက် အနည်းငယ်ထွက်ပေါ်လာလေတယ်။
မန္တလေးမြို့ကြီးဟာဆိုရင် အေးအေးနဲ့ စောင်ထဲ နေချင်တဲ့သူတွေနဲ့တော့ မထချင်လောက်တဲ့ထိကို အေးစက်နေပါတယ် ။ ထိုစဉ် မထချင်ပဲ ကျောင်းသွားဖို့ နှိုးနေတဲ့သူငယ်ချင်းကြောင့် ထလိုက်ရတဲ့ ဘုံဘုံဟာဆိုရင် စိတ်မကြည်ပဲ တစ်မနက်ခင်းလုံး တွေ့တဲ့သူ ဟောက်ချင်နေတဲ့ပုံပါပဲ ။(ဘုံဘုံအကြောင်းက p-14 intro မှာပြောပြထားတော့ ထပ်မပြောတော့ဘူးနော် )
"ဟဲ့ ဘုံဘုံ ထတော့ နင် တက္ကသိုလ်ကျောင်းသူတောင် ဖြစ်နေပြီ ခုထိ နှိုးရတုန်းလားဟ"
"ဘလာ ဘလာ ဘလာ "
"ဘုံဘုံ မနောက်နဲ့ဟာ ငါကျောင်းနောက်ကျရင် နင့်ကြောင့်နော် "
"နင် အဲ့လောက်သွားချင်ရင် မိုးမခနဲ့သွားပါလားဟ"
"နင် ဘာပြောတယ် သူဘဲက ငါ့ကိုငေါက်မှာပေါ့ဟ"
"မင်းခန့်ပိုင်က အဲ့လောက်ကြောက်စရာမကောင်းပဲနဲ့ နင်ကိုက ရှာကြံကြောက်နေတာ "
"ဘယ်လိုနေနေ သူတို့က ခနထား နင်ထတော့ "
"ခု ဘယ်နနှာရီရှိပြီလဲ "
"၇:၃၀ "
"ခုမှ အစောကြီးရှိသေးတာကို နင်ကလည်း ၈:၃၀ မှကျောင်းတက်မှာကို "
"ဘယ်လိုနေနေ ထတော့ "
"အေးအေး ထပြီ ထပြီ "
ဘုံဘုံ က MUFM မှာ ရေပန်းစားပြီး မိန်းကလေးတွေရဲ့ အသည်းစွဲဖြစ်ပေမဲ့ ရွှေယမင်းရဲ့ ချေမှုတွေကို ခံရတဲ့သူပါ ။ ရွှေယမင်းဟာ ဆိုရင် ငယ်ငယ်ကနဲ့မတူပဲ ခုဆို တည်ငြိမ် ရင့်ကျက်သူပါ ။ ဘယ်အတွဲမှလည်း အောင်သွယ်မပေးတော့ပဲ တည်တည်ငြိမ်ငြိမ် သာ နေတော့တဲ့သူကြီးပါ ။ ငယ်ငယ်က မိုးမခရဲ့ မားဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ မိုးမခရဲ့ "မ" ပဲဖြစ်
ပါတော့တယ် ။ ရွှေယမင်းနဲ့ မိုးမခဟာဆိုရင် အဆောင်တူပေမဲ့ မေဂျာကွဲပေတယ် ။ အဲ့ဒါကြောင့် သူတို့ နှစ်ယောက်က အမြဲတွေ့လေရှိတယ် ။ မိုးမခရဲ့ ကျေးဇူးကြောင့် ယမင်းနဲ့ မင်းခန့်ပိုင် ဟာဆိုရင် တက္ကသိုလ် ပနှစ်လောက်ကပဲ ပြန်ဆုံခဲ့ကြတယ် ။
စစ်မှုးကတော့ ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း မသိအောင် အကုန်လုံးနဲ့ အဆက်အသွယ်ပြတ်လုနီးတောင် ဖြစ်နေတယ် ။ ယမင်းက မနက်တိုင်း ဘုံဘုံ နဲ့ကျောင်းသွားလေ့ရှိတယ် ။ ဘုံဘုံက ဘယ်လောက်
ချောချော စောက်ဂရုမစိုက်သော ယမင်းကို ဘုံဘုံ
အရမ်းချစ်ရှာတယ် ။ ဘုံဘုံ အချစ်ဆုံးက ယမင်းပဲ ဆိုတာ ဘယ်သူနေနေ သိတယ် ။ မိုးမခက ဘုံဘုံရဲ့ အခန်းရှေ့မှာ နေတာလေ ။ မိုးမခဟာ ဆိုရင် နိုင်ငံခြားမှာ ကျောင်း တက်ဖို့ တွေးထားပေမဲ့ မင်းခန့်ကတားလို့ ခုထိ မသွားဖြစ်သေးဘူးလေ ။ ဒီ ငါးနှစ်အတွင်းမှာ မင်းခန့်ပိုင်နဲ့ မိုးမခတို့ရဲ့ အချစ်တွေက ငါးဆလောက်
တောင် တိုးလာတယ် ။ မိုးမခဟာ ဆိုရင် ငယ်ငယ်
ကလို မဟုတ်တော့ပဲ အရမ်းချောပြီး မိန်းကလေးတွေခြား ရေပန်းစားသူပါ ။ တက္ကသိုလ်မှာတင် ရေပန်းစားတာမဟုတ်ပဲ အပြင်မှာပါ ရေပန်းစားသူပါ ။ ဒါပေမဲ့ ဘယ်သူမှ မိုးမခမှာ ဘဲရှိတာကို မသိရှာဘူးလေ ။ ဘာလို့လဲဆိုတော့ မိုးမခက မင်းခန့်ကိုလွမ်းရင် ရန်ကုန်ကိုပဲသွားပြီး မင်းခန့်ကို မန္တလေး မလာခိုင်းသူပေါ့ ။
ကျောင်းမှာဆိုရင် ယမင်းက Queen မိုးမခက King ပေါ့ ။ သူတို့နှစ်ယောက်လုံးကို လူတော်တော်
များများက သဘောတူပေမဲ့ သူတို့ကတော့ သူငယ်ချင်းထက် မပိုသူတွေပေါ့ ။ ဒါပေမဲ့ ယမင်းကို ကျောင်းက တော်တော်များများက မစရဲကြရှာဘူး။
ဘာလို့လဲဆိုတော့ ယမင်းကို ကြောက်လို့တော့ မဟုတ်ဘူး ။ ဘုံဘုံကို ကြောက်ရလို့ပဲ။ဘုံဘုံက ယမင်းကိုထိရင် မကြိုက်သူပေါ့ ။ဒါပေမဲ့ ဘုံဘုံနဲ့ယမင်းဟာဆိုရင် ကြောင်နဲ့ကြွက်တောင် ငိုရမယ့်သူတွေ
ပေါ့ ။ ရက်စက်ပြီဆိုရင်လည်း နှစ်ယောက်မရှိပဲ ချစ်ဖို့ကောင်းရင်လည်း နှစ်ယောက်မရှိဘူး ။ သူတို့နှစ်ယောက်က အမြဲတွဲသွားတွဲလာရှိသူတွေပေါ့ ။
သူတို့နှစ်ယောက်က ၁၀ တန်းကတည်းက သိလာတဲ့ သူငယ်ချင်းကောင်းတွေ ထက်တောင် ပိုတဲ့သူတွေ
ပေါ့ ။ မေဂျာကျတော့လည်း တူတူရပြီး နေတာကလည်း ဘေးချင်းကပ်ရပ်နေသူတွေပေါ့ ။ ယမင်းက ဘုံဘုံ ၁၀ တန်းကတည်းက မနက်အိပ်ယာ ထဖို့နှိုးရတာ ခု တက္ကသိုလ် ပနှစ်နောက်ဆုံးထိပါပဲ ။ ခုချိန်ထိ တူတူသွား တူတူလာပဲ ။ ဘုံဘုံက အခန်းထဲမှာဆို အမြဲငိုက်တတ်တဲ့သူပါ ။ဒါပေမဲ့ သူစာအုပ်ရယ် ဦးနှောက်ထဲမှာတော့ စာပဲရှိသူပါ။

YOU ARE READING
My Crush ❤️🧡💜💙💚💛🖤
Romanceမင်မင်ကို အားပေးကြပါနော် မင်မင် မှား င်လည်း ဝေဖန်ပေးကြပါ အမြဲအားပေးတဲ့သူတွေအတွက်လည်း မင်မင်မှာ လက်ဆောင်ရှိပါတယ် အကောင်းဆုံးကြိုးစားသွားပါ့မယ် Best wishes for all my fans 🧡💛💜💙💚❤️🖤