သူနဲ့ဆုံတဲ့ကမ္ဘာလေး

3.3K 224 28
                                    

စောင့်ရှောက်သူ

လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကျော်က လူသားတွေဟာ ကိုယ်ကိုးကွယ်အစွဲပြုတဲ့
နတ်ဘုရားတွေနဲ့ရင်းနှီးခွင့်ရှိကြတယ်။
ကာလကြာလာတာနဲ့အမျှ နတ်ဘုးရားတွေက ကျေးကျွန်တွေဖြစ်တဲ့ လူသားတွေနဲ့ချစ်ကျွမ်းဝင်ကြအထိ ငြိတွယ်လာကြတဲ့နောက်။
လူတွေမှာ....သို့မဟုတ်ရင် နတ်မိမယ်တွေမှာ လူသား
တစ်ပိုင်းနတ်ဘုရားတစ်ပိုင်းဖြစ်တဲ့ သွေးနှောတွေသန္ဓေတည်လာကြတယ်။
ဒီလိုနဲ့ မွေးဖွားခြင်းခံရတဲ့သူတွေက သွေးနှောနတ်ဘုရားလို့ခေါ်တဲ့ စွမ်းအားကြီးလူသားတွေဖြစ်လာကြတဲ့အခါ နတ်အနွယ်ဝင်ဖြစ်တဲ့သူတို့ဟာ နှစ်ထောင်ပေါင်းများစွာကြတဲ့အထိ အသက်ရှင်ခွင့်ရကြတယ်။
လူသွေးနှောတဲ့ သူတို့က လူသားတွေလိုပဲ နာကျင်မှု၊မုန်းတီးမှု၊ခံစားမှု ၊ချစ်ခင်မှု၊ မာန်မာန ၊လောဘ စတဲ့စိတ်ခံစားချက်ပြင်းပြမှုတွေရှိသလို လူသားတွေမစွမ်းနိုင်တဲ့အစွမ်းသတ္တိများစွာကိုလည်း
ပိုင်ဆိုင်ထားတတ်ကြတယ်။
ဒီလို သွေးနှောမျိုးနွယ်တွေ မွေးဖွားလာကြပြီးတဲ့နောက်ပိုင်း နတ်ဘုရားတွေက လူသားတွေကို
အရင်လိုရင်းနှီးခွင့်မပေးသနားတော့ဘူး။
လူသားတွေနဲ့လည်း မပက်သတ်တော့သလို နတ်ဘုရားနဲ့လူသား ကမ္ဘာတို့ဟာလည်း သီးခြားတိုင်းပြည်လိုပဲ ကွဲပြားသွားတော့တယ်။
ဒါ့ကြောင့် လူတွေဟာ နတ်ဘုရားတွေနဲ့တွေ့ဆုံ ရင်နှီးခွင့်မရကြတော့ပေမဲ့ နှစ်ပေါင်းများစွာ
အသက်ရှည်တဲ့ သွေးနှောနတ်ဘုရား တွေအနက် တချို့ကတော့ ယခုထိတိုင် လူတွေကြားမှာသွား
လာလှုပ်ရှားအသက်ရှင်နေကြတုန်းပေါ့။
သူတို့က လူတွေလို ပုံပန်းသဏ္ဍာန်ကိုပိုင်ဆိုင်ကြပေမဲ့လို့ လူတွေထက်သာလွန်နဲ့ ရုပ်ရည်နဲ့စွမ်းအားများစွာကိုပိုင်ဆိုင်ကြတယ်။

သူတို့ကို သွေးနှောနတ်ဘုရား

Fake blood Angel လို့ခေါ်ကြတယ်...

********************

*တီတီ...တီတီ.....တီတီ...*

ပွက်ကလောရိုက်နေသည့် နှိုးစက်သံဟာနားစည်ဝကို
ဗြောင်းဆန်အောင်ရိုက်ခတ်လေ၏။
အတောင့်လိုက်ထွက်လာသည့် ဒေါသကြောင့် နှိုးစက်၏ထိပ်ရှိခလုတ်ငယ်ကို ခတ်ကြမ်းကြမ်းထုလိုက်စဉ် ဆပ်စလူးလိုက်နေသည့်နှိုးစက်သံဟာ တိခနဲ....

Guardian(completed)Where stories live. Discover now