အတိတ်ကိုအရင်းပြု၍

769 125 16
                                    

Zawgyi

စောင့်ရှောက်သူ

*ဝုန်း.....*

လွင့်ကျသော ပန်းချီကားချက်ဟာ အားအင်ပြင်းထန်လွန်းတာမို့ အကျိုးကျိုးအပဲ့ပဲ့နိုင်ကာ အခြားပန်းချီကားချပ်များလည်း ထိုနည်း၎င်းပင်။
ကျယ်ဝန်းလှသော အခန်းကျယ်ကြီးအတွင်း၌လည်း အကျိုးကျိုးအပဲ့ပဲ့သော ပန်းချီကားများ မှန်ဘောင်များ မှန်ကွဲစများနှင်ထွေလီကုန်တော့သည်။
ထိုအမှိုက်သရိုက်များကြာမှ တစ်ဦးတည်းသော သူဟာတုန်လှုပ်ဖွယ်ရာသော အသွင်သဏ္ဍာန်နှင့်သူ၏ဒေါသများကြောင့် မျက်ဝန်းနက်တို့ဟာအရောင်ပြောင်းနေခဲ့သည်အထိ။
သူဟာအကြီးအကျယ်အကြမ်းတမ်းဆုံးပေါက်
ကွဲသောင်းကြမ်းပစ်နေသော်ငြား အလုံခန်းဖြစ်သည့်အိမ်ကြီးအိမ်ကောင်းကြီးကြောင့်
ထိုအခန်းအတွင်းမှ အသံပလံများဟာအပြင်သို့ပေါက်ကြားခြင်းမရှိ။

သို့သော် အခန်း၏ခတ်လှမ်းလှမ်းမှ ရပ်ကာ စိတ်မကောင်းစွာငေးကြည့်နေသောကင်ဂျုံအင်တစ်ယောက်တော့ အတွင်းဘက်မှ ဆူညံသံများကိုအတိုင်းသားကြားနေရသည်။
ထိုအသံများကြားမှ ရောယှက်လာသော ဒေါသသံသဲ့သဲ့
နှင့်အတူတစ်ချက်ချက်သော ရှိုက်သံက စိတ်မကောင်းဖွယ်အကောင်းဆုံးပင်။

ကျယ်ဝန်းလှသော အလုံခန်းကြီးအတွင်း အပြည့်နီးပါးနေရာယူထားသည့် ပန်းချီးကားချပ်များစွာဟာ ကြမ်းပြင်ထက်ဝယ်အတုံးအရုန်း။
ဆို့နစ်မှုတို့ကို ဤနည်းဤဟန်နှင့်ပေါက်ကွဲပစ်လိုက်လျှင်
နာကျင်မှုဟာသက်သာလေမလား ဆိုသောအတွေးနှင့် သူဖန်
တီးခဲ့သမျှ အနုစိတ်ပညာတို့ကိုကိုယ်တိုင်
ကိုယ်င်ဖျက်ဆီးနေမိသည်။
နံရံထက်ချိတ်ဆွဲထားသော ကျန်ပန်းချီအချို့အနက်မှ တစ်ခုကိုထပ်မံဆွဲယူဖျက်ဆီးရန်ပြင်လိုက်စဉ်...။

ဆေးရောင်လှလှတို့နှင့် အသက်ဝင်နေသော တိုက်မြင့်ကြီးကြားကတစ်ခုတည်းသော အရိပ်ငယ်လေးရှိရာ ထိုပန်းချီကားထပ်ဝယ် သူ
၏မျက်ဝန်းနက်များအရောင်ပြောင်းလဲသွားသည်။
တဆတ်ဆတ်တုန်ယင်နေသော နှုတ်ခမ်းပါးပါးကို တည်ညိမ်စေရန်အလို့ငှါ ခတ်တင်းတင်းဖိကိုက်ရင်း ထိုပန်းချီးကားလေးအား ဖြုတ်ယူလိုက်သည်။
ပန်းချီကားငယ်လေးကိုကိုင်လျက် နံရံတစ်လျှောက်မှီရင်း ကြမ်းပေါ်ထိတိုင် ခြေပစ်လက်ပစ်သူထိုင်ချလိုက်သည်။

Guardian(completed)Where stories live. Discover now