သူဖန်တီးသောရင်ခုန်သံ-final

1K 135 28
                                    

Zawgyi

စောင့်ရှောက်သူ

"ဟွန်း"

ရုံးခန်းထဲ ဟိုစပ်စပ်ဒီစပ်စပ် စူးစမ်းလို့ဝမှ အလုပ်များနေတဲ့ ဆယ်ဟွန်းနားပွတ်သတ်တို့ကပ်လာတဲ့ချန်းယောလ်က တစ်စုံတစ်ခုအလိုရှိပုံရသည်။
ဤသည်ကို ဆယ်ဟွန်းကိုယ်တိုင်လည်းရိပ်မိပါရဲ့။

"အွန်း ပြော...ကလေး ဘာလိုချင်လို့လဲ"

ဆယ်ဟွန်းထိုင်လက်စ ဆုံလည်ကုလားတိုင်နောက်မှီပေါ်လက်ထောက်ကာ ခတ်စောင်းစောင်းလေးငုံ့ကြည့်နေသည့် ချန်းယောလ်၏လက်နှစ်ဖက်ကိုဆွဲယူလျက်
မိမိလည်တိုင်အားသိုင်းဖတ်စေလိုက်ရင်း ဆယ်ဟွန်းဆိုသည်။

"လိုချင်တာတော့ မဟုတ်ပါဘူး....ဒီနေ့ညနေလေ ဖေဖေနဲ့မေမေဆီသွားချင်လို့လိုက်ပို့ပါလားဟင်...ရုံးဆင်းတဲ့အချိန်ကျရင်လေ"

ဆယ်ဟွန်းတစ်ယောက် ချန်းယောလ်ရဲ့မိသားစုဝင်ကိစ္စမှန်သမျှ
တစ်လုံးတစ်ပါဒမှ မသိခဲ့သော်ငြား ဘယ်သောအခါမှထုတ်မမေးဖြစ်ခဲ့သလို အခုလည်းမမေးဖြစ်ပါပေ။

"ကလေး သွားချင်ရင် လိုက်ပို့ပေးမှာပေါ့...."

အပြောနဲ့အတူ ပါးအိအိကြီးနစ်ဝင်သွားအောင် လှည့်ကာနမ်းရှုံ့လို့ရှေ့စားပွဲရှည်ကြီးပေါ်က ရုံးဖုန်းကိုလှမ်းကိုင်လိုက်ရင်း....

"ကားအဆင်သင့်ထုတ်ထားလိုက် ဂျုံအင်...သွားစရာရှိတယ်"

ဖုန်းပြန်ချလိုက်အပြီး အနောက်ဆီမှ အသည်းအသက်ကြီးကို
လှည့်လို့ကြည့်ရပြန်တာ အမော။

*****************

အရိုးပြားအိုးထားတဲ့နေရာဆီရောက်တဲ့အခါ ဆယ်ဟွန်းအလုံးစုံကိုသဘောပေါက်သွားခဲ့ပြီး ချစ်ရသူအဖို့ရင်ထဲနင့်ခနဲပင်။
မှန်ဘောင်များစွာထဲ အစီအရီသေသပ်ဖြန့်ကျပ်ထားသည့် အရိုးပြာအိုးများစွာအနက် တစ်နေရာအရောက်တွင် ချန်းယောလ်ရပ်လိုက်သည်ကြောင့် ဆယ်ဟွန်းလည်းအသာတုံ့ခနဲ။
ချန်းယောလ်က လက်ထဲတွင်ပါလာသော အဖြူရောင်ဂန္ဓမာပန်းစည်းငယ်ကို မှန်ဘီရိုကြီး၏အောက်ခြေရှေ့တွင်ချလိုက်သည်။

Guardian(completed)Where stories live. Discover now