ပန်းနုရောင်အခိုက်အတန့်များ

947 106 8
                                    

Zawgyi

စောင့်ရှောက်သူ

"အွန်း.....အ....ခေါင်းကိုက်လိုက်တာကွာ"

အိပ်ယာနိုးနိုးချင်း အညောင်းအညာဖြေလို့ အကြောဆန့်ရင်း ထ,ထိုင်လိုက်သည့်အခါ ခေါင်းထဲကမိုက်ခနဲမို့ နားထင်ကြောကိုလက်ချောင်း
နှင့်အသာဖိထားရသည်။

ညကအတော်လေး များသွားတယ်ထင်ပါ့

"အ...ကျွတ်ကျွတ်"

"ဟွန်း နိုးပြီလား...."

အငွေ့တထောင်းထောင်းထနေသည့် ပန်းကန်လုံးလေးကိုင်ကာ အခန်းအတွင်းဝင်လာသော နှလုံးသည်းပွတ်ကြီးဟာ နံနက်ခင်းအလင်းရောင်များကို အလှဆင်လိုက်သည့်အလားပင်။

ခတ်ပွပွစပို့ရှပ်အပြာရင့်ရင့်လေးဆင်ကာ ရိုးရှင်းရှင်းနဲ့ပင်ပြီးပြည့်စုံ
နေသည့် အချစ်တုံကြီးကြောင့်နောက်ကျိနေသော ဦးခေါင်းပင်ရုတ်ချည်းကြည်လင်သွားသလို။

"အမူးပြေအောင် စွတ်ပြုတ်လေးလုပ်လာပေးတာ သောက်လိုက်ဦး"

စွတ်ပြုတ်ပါးကန်းလေးကိုကိုင်ကာ တဖူးဖူးမှုတ်ရင်း ကျနော့်ထံတိုး
ပေးလာပုံက အကြိမ်ကြိမ်ခြွေနိုင်လွန်းသောအသည်းပါပေ။
ကျေကျေနပ်နပ်ကြီးပြုံးမိနေရင်းက သူကမ်းပေးသော စွတ်ပြုတ်ပန်း
ကန်ကိုလက်လွှဲယူရင်း တစ်စွန်းငုံလိုက်သည်။

"ဟမ်း...အဟွတ်"

"အော...ဟွန်း ဖြေးဖြေးသောက်လေ...."

ပူပူစပ်ပ်နိုင်လွန်းတာမို့ စိုးဝါးသည့်အရသာက လည်ချောင်းကို
ဒုက္ခပေးလေသည်။
ဒါဟာ အချစ်တုံး၏လက်ရာမှန်း မပြောလည်းသိပြီးသား။

"အာ...ဟွန်း အစပ်မစားနိုင်တာမေ့သွားတယ်"

ကုတင်ဘေးရှိခုံပုလေးထပ်က တစ်ရှူးကိုအမြန်ယူပေးရင်း ကလေးကဆို၏။

"ခေါင်းနောက်ပြေအောင်ဆိုပြီး နည်းနည်းစပ်လိုက်တာ...အဆင်ပြေရဲ့လား?"

ခေါင်းကိုခတ်သွက်သွက်ညိမ့်ပြရင်း သီးချင်နေသေးသည့် လည်ပင်းရှရှကိုတင်းခံထားလိုက်သည်။
ကလေးရှေ့မှာ အစပ်တောင်မစားနိုင်တဲ့ လူပျော့လူညံ့အသွင်ပြလို့မဖြစ်ပေ။
ကိုယ်ဟာ ကလေးရှေ့က မားမားကြီးရပ်တည်နိုင်တဲ့ အိမ်ထောင်ဦး
စီးဆိုသည့် ဂုဏ်ပုဒ်ကိုနည်းနည်းမှချလို့မဖြစ်။

Guardian(completed)Where stories live. Discover now