သူနဲ့ဆုံတဲ့ကမ္ဘာလေး-၈

1.1K 155 8
                                    

Zawgyi

စောင့်ရှောက်သူ

"မင်းမနေ့က ရန်ဖြစ်ခဲ့သေးတာလား....?"

အဖြေပြန်မပေးလာသည့် ဟိုချင်းက ငူတူတူနှင့်သာ လမ်းလျှောက်လျက်။

မဟုတ်မှ....အိုဆယ်ဟွန်းကြောင့်များလားဟု တွေးမိလိုက်သော်လည်း ဖြစ်နိုင်သည့်ကိစ္စမှ မဟုတ်ပဲ။
လက်ကို အရိုးအက်သွားအောင်အထိ ဖြစ်ဖို့ဆိုတာ.....

"မင်းပြန်တော့...အဆောင်ထိ လိုက်မလာနဲ့တော့..."

"အာ ဘာလို့လဲ...?"

"ငါပြောရင်နားထောင်စမ်းပါ..."

"အာရာစော...အာရာစော...."

လိုက်ပို့ပေးသည့် လူကိုတောင် မကျေမနပ်ဖြစ်နေပါသော
သကောင့်သားကို စိတ်မရှည်စွာ ညည်းညော်ညော်ပြော၍ ထိုနေရာမှလှည့်ထွက်လာခဲ့လိုက်တော့သည်။

ဘယ်တော့မှ စေတနာထားစရာမကောင်းတဲ့ကောင်...။

******************

*ချွင်....*

ဆိုင်တံခါးကို တွန်းလှပ်လိုက်သည်နှင်ထွက်ပေါ်လာသည့် ခေါင်းလောင်းသံနဲ့အတူ ဆိုင်တစ်ဆိုင်အလင်းဆောင်သွားသလို သူ့အသွင်သဏ္ဍာန်။

"ဝါး..!!!!"

ရုတ်တရက်ထွက်လာသော ဆိုင်ဝန်းထမ်းအချို့၏အသံနှင့်အတူ
မိန်းကလေးများစွာ၏အကြည့်များက သူ့ထံပါး။
မကြာခဏထိုဆိုင်ကို လာမြဲဖစ်သောလည်း သူလာတိုင်းမရိုးနိုင်အောင် ဤသို့ငေးမြဲငေးဆဲပင်။

"အစ်ကို ခါတိုင်းလို သီးသန်းခန်းထဲမှာပဲ
ပြင်ပေးရမလားဗျ...?"

သူ့အားမှတ်မိနေပြီးသော ဆိုင်ဝန်ထမ်းလေးတစ်ဦးကဆိုလိုက်ခြင်း
ဖြစ်သည်။
နားအေးပါးအေး နေတတ်သည့် ဆယ်ဟွန်းက ဆိုင်ထိုင်တိုင်းသီးသန်းခန်းကိုသာယူ၍ ခတ်အေးအေးစားသောက်သည့်အကျင့်ရှိတာမို့။

"မန်နေဂျာရှိလား...?"

ခတ်အေးအေး သူ့မေးခွန်းနောက် ကောင်လေးက ခဏကြောင်အ,သွားသော်လည်း မဆိုင်းပဲပြန်ဖြေပေးသည်။

"ဟုတ် ရှိပါတယ်...ဘာလို့လဲခင်မျ...?"

"ခဏလောက်တွေ့ချင်လို့..."

Guardian(completed)Where stories live. Discover now