သူနဲ့ဆုံတဲ့ကမ္ဘာလေး-final

1.2K 147 63
                                    

Zawgyi

စောင့်ရှောက်သူ

ထိုအခါ ယဉ်ကျေးမှုမရှိတဲ့ဟိုချင်းအမူအယာကြောင့် နောက်ပါးမှရပ်လျက်ရှိသည့် ဂျုံအင်ကမျက်မှောင်တကုတ်ကုတ်နှင့်ရှေ့တိုးသွားတာ
သော်လည်းဆယ်ဟွန်းလက်ကာပြလိုက်သည်နှင့်တန့်ခနဲရပ်
ရပြန်သည်။

"ဒီနေရာမှာတော့ဘယ်အဆင်ပြေမလဲ...
...ကော်ဖီသောက်ကြမလား...?"

အေးတိအေးစက် ဆယ်ဟွန်းအသွင်ကိုအလိုမကျသော်လည်း အနီးအနားရှိကော်ဖီဆိုင်တစ်ဆိုင်သို့နှစ်ဦးသားရောက်ခဲ့
သည်။
မျက်နှာချင်းဆိုင်အနေအထားဟာ စကားလုံးတို့မရှိသေးသည်
ကြောင့် အတော်လေးအေးစက်နေသလို အပြန်အလှန်သောအကြည့်စူးစူးများ သေစေနိုင်လောက်သည်အထိစူးရှသည်။

"ချန်းယောလ်ကို သဘောကျနေတာလား ခများ?"

သေချာကြည့်တော့မှ ထိုလူဟာတစ်ခါက ကတောက်ကစဖြစ်ဖူးသည့်ချန်းယောလ်ကိုလိုက်ပို့ဖူးသူမှန်း ဟိုချင်းမှတ်မိလိုက်သည့်အခါ
လက်ကအရှင်းမပျောက်သေးသောဒဏ်ရာက ကျင်ခနဲ။

"အွန်း သဘောကျတယ်"

တုံ့ဆိုင်းခြင်းမရှိအဖြေပေးတဲ့ ဆယ်ဟွန်းကြောင့်ဟိုချင်း
ပို၍ဒေါပွရသည်။

"ကိုယ့်ကိုတွေ့ချင်တာ ဒါမေးဖို့လား?"

အေးစက်စက် မထီတရီမျက်နှာပေးကို ဟိုချင်းအတော်လေးကြည့်မရပေ။
စိတ်ဆတ်ကာ ဒေါသထွက်လွယ်သူမို့ အေးတိအေးစက်မျက်နှာပေးကို ဟိုချင်းအတော်စိတ်လိုမကျ။

"အာညီး....မေးဖို့ထက် သိတိပေးမလို့...
ချန်းယောလ်နားမှာ ခြေမရှုပ်နဲ့"

ထိုအခါ ဆယ်ဟွန်းက နားလည်ရခတ်သည့်အပြုံးတစ်ပွင့်အတူ
ရှေ့ကအငွေ့တထောင်းထောင်းကော်ဖီကိုယူကာငုံလိုက်သည်။

"ချန်းယောလ်က ကလေးလိုပဲ....
အဖြူထည်မို့အရောင်ဆိုးရလွယ်တယ်....ခများလိုလူမျိုးအတွက် ချန်းယောလ်ကအတည်တကျမ
ဟုတ်မှန်းသေချာပေါက်သိတာမို့ သူ့ကိုဒဏ်ရာမပေးပါနဲ့..."

"ဘယ်သူကပြောတာလဲ...?ကိုယ်က ချန်းယောလ်လီကိုအတည်တကျမဟုတ်ဘူးလို့"

Guardian(completed)Donde viven las historias. Descúbrelo ahora