ရွှေလက်တွဲ၍မြဲစေသော🚨

1.1K 120 24
                                    

Warning for Child🚨
Adult scene is included in this chapter.
Don't blush me.

*******************

စောင့်ရှောက်သူ

နဂိုဝင်းအိအိပါးပြင်မို့မို့ထက်မှာ အရောင်တင်လိုက်တဲ့ မျက်နှာချေမှုန့်တချို့နဲ့ ထင်ရှားလွန်းတဲ့မျက်ခွံဖောင်းမို့မို့ထက်မှာ အသားရင့်ရောင်
လိုင်နာတို့က ရှိရင်းဆွဲခန့်ထည်မှုကိုပို၍ အရောင်တင်ပေးကုန်သည်။
နူးညံ့ထူထဲသည့် နှုတ်ခမ်းလွှာထက်ဝယ် နှုတ်ခမ်းဆီတံလေးခတ္တ
ဖြတ်ပြေးသွားပြီးနောက် ပို၍ပေါ်လွင်လာသေ နှုတ်ခမ်းသားတို့ဟာရစ်မူးဖွယ်ရာအပြည့်အဝ။
ဆံစမျှင်မျှင်တို့ကိုပါ ပုံသွင်းပြင်ဆင်ပြီးသည့်အခါ
နောက်ဆုံးပိတ်အနေနှင့် ဝတ်ထားပြီးစီးသော အဖြူရောင်ကုတ်နှင့်တွဲလျက် လည်စည်းဖဲပြားလေးကိုပါ ပြင်ဆင်ပေးသည့် stylistကသူ့ပြုံးတုံ့တုံ့။

"ဝါး....ပြည့်စုံလိုက်တာ....ချောလွန်းမနေဘူးလား ချန်းယောလ်လီရေ"

Stylist မမက ပီတိတွေဖြာခနဲ အံ့အားတသင့်ရေရွတ်သလို ဘေးရှိ နောက်လိုက်နောက်ပါ ပြင်ဆင်ခြယ်သပေးသောမိန်းကလေး
များအားလုံး ချန်းယောလ်၏ပြီးပြည့်စုံမှုတို့ဝယ် အရည်ပျော်ကျမတတ်ပင်။

"အရမ်းပဲ...အရမ်းပဲ...ချောလွန်းလို့ ဆက်မကြည့်ရဲတော့ဘူး"

"မတော်လို့သူဌေးများရောက်လာရင် တို့တွေအကြိတ်ခံရလိမ့်မယ်"

ထိုအမက ဟာသနှော၍ပြောသည့်အခါ ချန်းယောလ် သဘောတကျရယ်မိလိုက်၏။
ပြင်ဆင်ပေးနေသည့် အချိန်ထည်းက အမှတ်တရဖြစ်စေရန် camera သမားက မလွတ်တမ်း မလပ်တမ်းကို အမိအရဖမ်းယူနေပြန်လေရဲ့။

"နေရာယူလိုက်ပါဦး...."

ဓာတ်ပုံသမား၏ အဆိုဝယ် ချန်းယောလ်အပါးသို့မိန်းကလေးများ
အားလုံးဝိုင်းခနဲစီရပ်ကုန်ကြတော့သည်။
အပြုံးကိုယ်စီနှင့် မိန်းကလေးများကြားဝယ် ချန်းယောလ်လည်း ပြော
မပြတတ်အောင်ကိုပျော်နေမိသောနေ့တစ်နေ့ရယ်ပါပဲ။
ဘယ်အချိန်များ ချစ်ရသူကြီးနှင့် တွေ့ရတော့မလဲ မျှော်လင့်စောင့်စားရင်း ရင်လဲတလှပ်လှပ်အခုန်မြန်လို့မဆုံး။
ရှိသမျှ သွားတန်းဖွေးညီညီတွေ အလုံးစုံပေါ်လုမတတ် ပြုံးပြရင်းအလယ်တွင်ခန့်ထည်ထည်ကြီးရပ်လျက် အမှတ်တရအချိန်တချို့ကို
မှတ်တမ်းယူလိုက်ပြန်သည်။

Guardian(completed)Where stories live. Discover now