သူဖန်တီးသောရင်ခုန်သံ-၆

896 127 13
                                    

Zawgyi

စောင့်ရှောက်သူ

"ဆယ်...ဆယ်ဟွန်းရှီ ခဏ"

တကယ်တော့...တကယ်တော့

အခြေနေတစ်ခုထိ သွားဖို့ရန် ကျနော်အဆင်သင့်မဖြစ်သေး
ပေ။
စိတ်လှုပ်ရှားမှုဝယ် ကြောက်ရွံ့ခြင်းတို့ရောယှက်နေမိသည့်အခါ ကျနော်တကယ်ပဲ ရှေ့ဆက်ဖို့မရဲဘူး။

မပီမသ ကျနော့်ရေရွတ်သံဝယ် ရင်ဘက်ပေါ်မှဖယ်ခွာကာ ကျနော့်ထံအကြည့်ပို့လာသည့် မျက်ဝန်းတွေဟာရင်ဆိုင်ဝံ့ဖွယ်ရာမရှိ။
ရုတ်ချည်းအလုပ်များသွားသော အိုဆယ်ဟွန်းရှီတစ်ယောက် မောဟိုက်နေသည့်အလား အသက်ကိုလည်းခတ်စိပ်စိပ်ရှူသွင်းလျက် ရင်အုံဟာလည်းနိမ့်ချည်မြင့်ချည်။

"တောင်းပန်ပါတယ်....ကိုယ်စိတ်မထိန်းနိုင်ဖြစ်သွားတယ်"

ငုံ့မိုးကျလာသောသူ့ကိုယ်ဟာ ဒီတစ်ခါတွင်တော့ ကျနော့်နဖူးထက်သို့ အနူးညံ့ဆုံးသော အနမ်းငယ်တစ်ပွင့်ကိုခြွေသည်။
ကျနော့်မှာတော့ သူ့စကားတို့ကိုအလုံးစုံနားလည်နိုင်ရန်ကြိုးစားရတုန်း။

ချက်ချင်းကိုယ်ပေါ်မှ ဖယ်ခွာသွားတဲ့သူက တယုတယနိုင်စွာ ကျနော့်အားပွေ့ဖက်လာရင်း အချိုမြိန်ဆုံးသောစကားတစ်ခွန်းဆိုသည်။

"လက်မထပ်ရသေးပဲ ချန်းယောလ်လီကို ကိုယ်မသိမ်းပိုက်ရက်ဘူး...
ကိုယ့်ရဲ့တန်ဖိုးမဖြတ်ဝံ့တဲ့ အသည်းအသက်လေးမင်းကို ကိုယ့်ကြောင့်နဲ့စွန်းထင်းသွားမှာဆိုးမိတယ်...."

ထွေးပွေးထားရင်း ဆိုတဲ့သူ့လေသံခတ်အေးအေးတွေဟာ ရင်ဝယ်နင့်ခနဲဆို့နစ်သွားအောင်စွမ်းနိုင်လေပြန်တယ်။

*ခများရယ်....ကျနော် ရူးသွားမှဖြင့်*

"ချစ်တယ်....ချန်းယောလ်လီက ကိုယ့်ရဲ့ကမ္ဘာ"

စကားနှင့်အတူ ထပ်မံ၍နဖူးထက်သို့အနမ်းတစ်ပွင့်ခြွေပြန်လေသည်။
ဘေးတိုက်အနေအထားမှာ သူ့မေးဖျားကို အသာအယာတို့ထိပွတ်သတ်ရင်း သူ့မျက်ဝန်းနက်တွေကိုငေးမောပစ်လိုက်သည်။

"ချစ်တယ်....ဘယ်အချိန်တည်းကလဲ မသိပေမဲ့ ခများကကျနော့်ရင်ထဲမှာနေရာအပြည့်ပဲ....

Guardian(completed)Where stories live. Discover now