နှလုံးသားအားအရင်းတည်၍အနာဂတ်ဆီသို့

864 131 29
                                    

Zawgyi

စောင့်ရှောက်သူ

"ဆရာ့ကို ပေးခဲ့တယ် ဒီစာလေး"

ကုတ်အတွင်းအိတ်ထောင်ထဲမှ ထွက်ပေါ်လာသော ဖြူမွတ်မွတ်စာရွက်ခေါက်ငယ်ငယ်ဟာ ဘာကြောင့်ရယ်အဲ့လောက်ထိအောင်ထိပ်
လန့်စေမှန်းမသိလေတော့။

ထိုစာရွက်ခေါက်အား အချိန်မဆိုင်းပဲ ဆွဲယူလိုက်ရင်း လက်ထိပ်ချင်းတွေတိုက်မိအောင် အရေးကြီးသုတ်ပြာဖွင့်ဖတ်မိတော့သည်။

*ဟွန်းရှီ....

တောင်းပန်တာထက် ပိုမယ့်စကားရှိဦးမယ်ဆိုရင် ပြောချင်မိပေမဲ့ ဘယ်လိုစကားမျိုးကမှ ခများရဲ့ခွင့်လွှတ်မှုကိုရနိုင်တော့မှာမဟုန်မှန်း
ကျနော်နားလည်နိုင်တယ် ဟွန်း

ဒါပေမဲ့လည်း တောင်းပန်ပါတယ်

ဖေဖေ့ရဲ့လုပ်ရက်တွေအတွက်ရော ဟွန်းနာကျင်ခဲ့ရသမျှတွေအတွက်ပါ စိတ်ရင်းနဲ့တောင်းပန်ပါတယ်

ကျနော့်ကိုမမြင်ရတော့တဲ့အခါမှ ဟွန်းအဆင်ပြေနိုင်မှာဆိုရင် ကျနော့်တစ်ဘဝလုံးစာ ကွယ်ပျောက်သွားပေးပါ့မယ်

ကျေးဇူးပြုပြီး မနာကျင်ပါနဲ့။
ဟွန်းရဲ့ ပျော်ရွှင်မှုကပဲ ကျနော်ရှင်သန်ဖို့လိုအပ်ဆုံးအရာမို့ ဘယ်အရာအတွက်မှထပ်ပြီးမနာကျင်ပါနဲ့တော့။
အရာရာတိုင်းအတွက် ကျေးဇူးပါ ဟွန်း
ပြီးတော့ အရမ်းချစ်တယ်။*

နောက်ဆုံးသော စာကြောင်းငယ်ကို ဖတ်ရှုပြီးနောက်ဝယ် မခိုင်ချင်တော့တဲ့ခြေအစုံက ကြမ်းပြင်ထက်ပစ်စလတ်ခတ်ပြိုလဲကျ
သွားသည့်အခါ ဂျုံအင်က စိုးရိမ်တကြီးထူပေးရန်ကြိုးပမ်းလာသည်။

"ဆရာ သတိထားပါဦး"

စာသားတို့ကိုပင်ကွဲကွဲပြားပြားမမြင်နိုင်တော့လောက်အောင် ဝဲတက်လာတဲ့မျက်ရည်ကြည်တွေက အခုတော့ပါးပြင်ထက်ဆီအလုအယက်။

"ကလေး....."

ကျနော့်ကမ္ဘာဟာ ကလေး ဆိုတဲ့အသိတစ်ခုတည်းနဲ့တင် လွှမ်းမိုးသွားသည်မှာ ကျန်အရာဘာတစ်ခုကိုမှမခံမိမိတော့လောက်အောင်ပါပဲ။
စာရွက်ဖြူဖြူကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း ခြေဗလာနဲ့ထပြေးမိတော့အထိ ကျနော့်အသိစိတ်တစ်ခုလုံးဟာ ကလေး နှင့်သာ။

Guardian(completed)Where stories live. Discover now